Samsung Galaxy Fold ရဲ့မျိုးဆက်သစ်ဖုန်းကို မကြာခင်တွေ့မြင်ရနိုင်ချေရှိ

Samsung Galaxy Fold ရဲ့မျိုးဆက်သစ်ဖုန်းကို မကြာခင်တွေ့မြင်ရနိုင်ချေရှိ google.com
ခေါက်ဖုန်းတွေ တစ်ခေတ်ပြန်ထလာပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ်ကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေပါတယ်။
Motorola Razr ရဲ့ ခေါက်ဖုန်းကို မိတ်ဆက်ပေးအပြီးမှာတော့ Samsung ကလည်း အားကျမခံ သူတို့ရဲ့ Samsung Galaxy Fold မျိုးဆက်သစ်ကို ထုတ်ဖော်ပြသတော့မှာပဲ ဖြစ်ပါတယ်။ 
 
နောက်ထပ်ထွက်ရှိလာမယ့် Galaxy fold 2 ကို Galaxy Bloom ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ပေးလာနိုင်ချေရှိတယ်ဆိုပြီး သတင်းတွေထွက်နေရာမှ အခုတခါ Galaxy Z Flip လို့ ခေါ်တွင်နိုင်ချေရှိတယ်ဆိုပြီး သတင်းတွေ ထပ်မံထွက်ရှိလာပါတယ်။ 
 

 
ဒီ Galaxy Z Flip ရဲ့ ပုံတွေပေါက်ကြားမှုကလည်း တစ်ဖြေးဖြေးများလာပါတယ်။ နောက်ဆုံးပေါက်ကြားမှုအရ ဒေါင်လိုက်ခေါက်ချိုးလို့ ရနိုင်မယ့် ပုံစံမျိုးဖြစ်ပြီး Snapdragon 855 Chipset ကိုပဲ ပြန်လည်အသုံးပြုထားမယ်လို့သိရပါတယ်။ ခေါက်ချိုးနိုင်မယ့်ဖန်သားကို အသုံးပြုထားမယ့် ပထမဆုံးခေါက်ဖုန်းဖြစ်လာမှာဖြစ်ပြီး မျက်နှာပြင်အကျယ်ကတော့ ၆.၇လက်မ ရှိမယ်လို့ ဆိုပါတယ်။ 
 
နောက်လထဲမှာ ကျင်းပတော့မယ့် Samsung' Unpacked Event မှာ Galaxy Z Flip အပါအဝင် Samsung Galaxy S20 Series တွေကို မိတ်ဆက်သွားပေးမယ်လို့လဲ သိရပါတယ်။
 
Zawgyi Version
 
Samsung Galaxy Fold ရဲ႕မ်ိဳးဆက္သစ္ဖုန္းကို မၾကာခင္ေတြ႕ျမင္ရႏိုင္ေခ်ရွိ
 
ေခါက္ဖုန္းေတြ တစ္ေခတ္ျပန္ထလာျပီးေနာက္ပိုင္း ၂၀၂၀ ခုႏွစ္ကေတာ့ စိတ္လႈပ္ရွားစရာေတြနဲ႕ ျပည့္ေနပါတယ္။Motorola Razr ရဲ႕ ေခါက္ဖုန္းကို မိတ္ဆက္ေပးအျပီးမွာေတာ့ Samsung ကလည္း အားက်မခံ သူတို႕ရဲ႕ Samsung Galaxy Fold မ်ိဳးဆက္သစ္ကို ထုတ္ေဖာ္ျပသေတာ့မွာပဲ ျဖစ္ပါတယ္။ 
 
ေနာက္ထပ္ထြက္ရွိလာမယ့္ Galaxy fold 2 ကို Galaxy Bloom ဆိုတဲ့ နာမည္နဲ႕ မိတ္ဆက္ေပးလာႏိုင္ေခ်ရွိတယ္ဆိုျပီး သတင္းေတြထြက္ေနရာမွ အခုတခါ Galaxy Z Flip လို႕ ေခၚတြင္ႏိုင္ေခ်ရွိတယ္ဆိုျပီး သတင္းေတြ ထပ္မံထြက္ရွိလာပါတယ္။ 
 
 
ဒီ Galaxy Z Flip ရဲ႕ ပံုေတြေပါက္ၾကားမႈကလည္း တစ္ေျဖးေျဖးမ်ားလာပါတယ္။ ေနာက္ဆံုးေပါက္ၾကားမႈအရ ေဒါင္လိုက္ေခါက္ခ်ိဳးလို႕ ရႏိုင္မယ့္ ပံုစံမ်ိဳးျဖစ္ျပီး Snapdragon 855 Chipset ကိုပဲ ျပန္လည္အသံုးျပဳထားမယ္လို႕သိရပါတယ္။ ေခါက္ခ်ိဳးႏိုင္မယ့္ဖန္သားကို အသံုးျပဳထားမယ့္ ပထမဆံုးေခါက္ဖုန္းျဖစ္လာမွာျဖစ္ျပီး မ်က္ႏွာျပင္အက်ယ္ကေတာ့ ၆.၇လက္မ ရွိမယ္လို႕ ဆိုပါတယ္။ 
 
ေနာက္လထဲမွာ က်င္းပေတာ့မယ့္ Samsung' Unpacked Event မွာ Galaxy Z Flip အပါအဝင္ Samsung Galaxy S20 Series ေတြကို မိတ္ဆက္သြားေပးမယ္လို႕လဲ သိရပါတယ္။
 
Read times
Rate this item
(0 votes)