ဗိုင်းရက်စ်အန္တာရယ်ကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သော MWC 2020 ပြပွဲကြီး

ဗိုင်းရက်စ်အန္တာရယ်ကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သော MWC 2020 ပြပွဲကြီး google.com
မတ်လ ၂၄ ရက် မှ မတ် ၂၇ ရက် ထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်မယ့် MWC 2020 ပြပွဲကတော့ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
 
ဖျက်သိမ်းလိုက်တဲ့အကြောင်းအရင်းကတော့ ခုလက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ Coronavirus ခေါ် Covid-19 ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဗိုင်းရက်စ်ဟာ ကူးစက်မှုနှုန်းမြန်ဆန်နေပြီး သေဆုံးမှုအရေအတွက်ကလည်း တစ်နေ့တစ်ခြား များလာတာပဲဖြစ်ပါတယ်။ 
 
ဗိုင်းရက်စ် အန္တာရယ်ကြောင့် နှစ်စဉ်ပါဝင်ဆင်နွဲနေကြ ကုမ္ပဏီကြီးတွေဖြစ်တဲ့ LG, Sony, Nokia, Ericsson, Amazon, Intel, Facebook, Nvidia တို့ဟာလည်း ဒီပြပွဲမှ နှုတ်ထွက်သွားကြပါတယ်။
 
ဒီပွဲဟာ ကမ္ဘာနာမည်ကြီး flagship ဖုန်းတွေ ကို launch လုပ်ရုံမျှမက ဖုန်းကုမ္မဏီတော်တော်များများက စိတ်ဝင်တစားပါဝင်ဆင်နွဲကြတာမို့ ကမ္ဘာအကြီးကျယ်ဆုံးဖုန်းပြပွဲတစ်ခု အဖြစ်တည်ရှိခဲ့တာပါ။
 
၁၀စုနှစ် ၃ဆက်တိုင် နှစ်စဉ်ကျင်းပခဲ့တဲ့ ဒီပြပွဲဟာ ဒီနှစ်မှ ပထမဆုံးဖျက်သိမ်းတာ ဖြစ်ပြီး Mi 10 series, Huawei P40 series တွေကို ဒီပြပွဲအတွင်းမှာ မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားခဲ့တာပါ။
 
ခုလိုဖျက်သိမ်းလိုက်တာကြောင့် ဒီဖုန်းတွေကို ဘယ်နည်းဘယ်ပုံနဲ့ မိတ်ဆက်လာမလဲ ဆိုတာလည်း ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
 
 
 
 
 
 
 
 
Read times
Rate this item
(0 votes)