Video ရုပ်ထွက်အရည်အသွေးကို လျော့ချတော့မယ့် Netflix

Video ရုပ်ထွက်အရည်အသွေးကို လျော့ချတော့မယ့် Netflix google.com
Covid - 19 ကြောင့် နေအိမ်ကနေ အလုပ်လုပ်ကိုင်သူအရေအတွက်ဟာ ပိုမိုများပြားလာသလို နေအိမ်မှာ အပန်းဖြေရင်း ကြည့်ရှုဖို့ Netflix ကို အသုံးများလာကြပါတယ်။
 
ထိုသူများအထဲမှာ ဥရောပရှိလူများက Netflix ကြည့်ရှုမှုအများဆုံးဖြစ်နေပါတယ်။ ဒီလိုကြည့်ရှုသူများလာတာကြောင့် အင်တာနက်ပြဿနာတွေအတွက် စိုးရိမ်မှုများရှိလာအပြီးမှာ Netflix က ဥရောပမှာ Video အရည်အသွေးကို ယာယီ လျော့ချသွားမယ်လို့ ဆိုပါတယ်။ ဥရောပကော်မရှင်နာ Thierry Breton ဟာ Netflix ရဲ့ အမှုဆောင်အရာရှိချုပ် Reed Hastings နဲ့ စကားပြောဆိုပြီးနောက်ပိုင်းမှာ ယခုလို အပြောင်းအလဲကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ Netflix က တစ်လတိတိ ဥရောပမှာ Bitrate ကိုလျော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
 
ဒါပေမယ့် Netflix ဟာ Bitrate ကို ဘယ်လောက်နှုန်းထားထိလျော့ချမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဥပမာအားဖြင့် Youtune ပေါ်မှာရှိတဲ့ 4K Video တစ်ခုကို 1080P နဲ့ ကြည့်ရှုတာဟာ Blu-Ray 1080P ကိုကြည့်ရှုတာနဲ့ မတူညီနိုင်ပါဘူး။ ဒါကြောင့် Thierry Breton က HD အစား ပုံမှန်အရည်အသွေးရုပ်ထွက်နဲ့ ကြည့်ရှုကြဖို့တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Zawgyi Version
 
Video ရုပ္ထြက္အရည္အေသြးကို ေလ်ာ့ခ်ေတာ့မယ့္ Netflix 
 
Covid - 19 ေၾကာင့္ ေနအိမ္ကေန အလုပ္လုပ္ကိုင္သူအေရအတြက္ဟာ ပိုမိုမ်ားျပားလာသလို ေနအိမ္မွာ အပန္းေျဖရင္း ၾကည့္ရႈဖို႔ Netflix ကို အသံုးမ်ားလာၾကပါတယ္။ ထိုသူမ်ားအထဲမွာ ဥေရာပရွိလူမ်ားက Netflix ၾကည့္ရႈမႈအမ်ားဆံုးျဖစ္ေနပါတယ္။
 
ဒီလိုၾကည့္ရႈသူမ်ားလာတာေၾကာင့္ အင္တာနက္ျပႆနာေတြအတြက္ စိုးရိမ္မႈမ်ားရွိလာအျပီးမွာ Netflix က ဥေရာပမွာ Video အရည္အေသြးကို ယာယီ ေလ်ာ့ခ်သြားမယ္လို႔ ဆိုပါတယ္။ ဥေရာပေကာ္မရွင္နာ Thierry Breton ဟာ Netflix ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Reed Hastings နဲ႔ စကားေျပာဆိုၿပီးေနာက္ပိုင္းမွာ ယခုလို အေျပာင္းအလဲကို ျမင္ေတြ႕ရတာပဲ ျဖစ္ပါတယ္။ Netflix က တစ္လတိတိ ဥေရာပမွာ Bitrate ကိုေလ်ာ့ခ်သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ 
 
 
ဒါေပမယ့္ Netflix ဟာ Bitrate ကို ဘယ္ေလာက္ႏႈန္းထားထိေလ်ာ့ခ်မယ္ဆိုတာေတာ့ မသိရေသးပါဘူး။ ဥပမာအားျဖင့္ Youtune ေပၚမွာရွိတဲ့ 4K Video တစ္ခုကို 1080P နဲ႔ ၾကည့္ရႈတာဟာ Blu-Ray 1080P ကိုၾကည့္ရႈတာနဲ႕ မတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ Thierry Breton က HD အစား ပံုမွန္အရည္အေသြးရုပ္ထြက္နဲ႔ ၾကည့္ရႈၾကဖို႔တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။
 
 
 
Read times
Rate this item
(1 Vote)