Google နဲ့ YouTube ကနေ အိမ်မှာနေရင်းစာသင်ကြားနိုင်မယ့် Page,Website နဲ့ Channel များကိုစတင်မိတ်ဆက်

Google နဲ့ YouTube ကနေ အိမ်မှာနေရင်းစာသင်ကြားနိုင်မယ့် Page,Website နဲ့ Channel များကိုစတင်မိတ်ဆက် google.com
Covid - 19 ကြောင့် အိမ်မှာပဲနေရင်းစာသင်ကြားနိုင်မယ့် Page,Website နဲ့ Channel တွေကို Google နဲ့ Youtube မှစတင်မိတ်ဆက်ပေးလိုက်ပါတယ်။ 
 
Google ကနေ Teach From Home ဆိုတဲ့ Page ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ Teach From Home စာမျက်နှာမှာ Google ထုတ်ကုန်များအသုံးပြုပြီး ဆရာများအနေနဲ့ အဝေးကနေ စာဘယ်လိုသင်ကြားနိုင်မလည်းဆိုတာကို အကြံပြုချက်များ ပေးထားပါတယ်။
 
ဒီစာမျက်နှာမှာ Google Hangouts ကိုအသုံးပြုကာ Video Chat များနဲ့သင်ကြားခြင်း၊ Quiz များကိုဖန်တီးခြင်း တို့ပါရှိပါတယ်။ ဒီစာမျက်နှာကို ပိုမိုတိုးတတ်လာအောင် လုပ်ဆောင်မယ့်လို့လည်း Google ကပြောပါတယ်။ ဒါအပြင့် Home from toolkit from Teach ဆိုတဲ့လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။ 
 
YouTube ကနေ မိတ်ဆက်ပေးခဲ့တဲ့ Channel ကိုတော့ [email protected] လို့ခေါ်ပြီး အိမ်မှာနေရင်း Youtube ကြည့်ကာ စာသင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ Channel တွေကို အသက် ၅ နှစ်အထက်၊ ၁၃ နှစ်အထက် နဲ့ Preschoolers တွေ အတွက်ဆိုပြီး ၃ မျိုးခွဲခြားပေးထားပါသေးတယ်။ 
 
Google က သူတို့ရဲ့ ပရဟိတလုပ်ငန်း Google.org ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ထဲမှ ဒေါ်လာ ၁၀ သန်း ကို အဝေးမှသင်ကြားနိုင်မယ့်စနစ်များမှာ သုံးစွဲမှာဖြစ်ပြီး Khan Academy ကိုလည်း Covid -19 ကြောင့် ထိခိုက်ခဲ့ရသူ ကျောင်းသား/သူများကို ကူညီရန် ဒေါ်လာ ၁ သန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
 
 
 
 
 
 
 
 
Read times
Rate this item
(1 Vote)