Covid - 19 ကြောင့် အိန္ဒိယက ဖုန်းစက်ရုံကို ပိတ်လိုက်တဲ့ Samsung

Covid - 19 ကြောင့် အိန္ဒိယက ဖုန်းစက်ရုံကို ပိတ်လိုက်တဲ့ Samsung google.com
Uttar Pradesh ရှိ Nodia စက်ရုံကို ဗိုင်းရက်စ်ကြောင့် ယာယီပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီစက်ရုံဟာ အိန္ဒိယမှာ ဒုတိယမြောက် Samsung ဖုန်းစက်ရုံဖြစ်ပြီး အစိုးရရဲ့တောင်းဆိုမှုကြောင့် ပိတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 
 
တောင်ကိုရီးယားမှာ ရှိတဲ့ ဂူမီရှိစက်ရုံကိုလည်း ဗိုင်းရက်စ်ကြောင့် ၂ ကြိမ် ယာယီပိတ်ဖူးပြီး ဗီယမ်နမ်မှာရှိတဲ့ စက်ရုံတစ်ခုသာ မပိတ်ပဲ လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။ 
 
စမတ်ဖုန်းထုတ်လုပ်ရာမှာ ပုံမှန်အတိုင်းလည်ပတ်စေဖို့ ကြိုးစားနေတယ်လို့လည်း Samsung ကုမ္ပဏီက ပြောရေးဆိုခွင့်ရသူ တစ်ဦးကပြောပါတယ်။
 
အစိုးရရဲ့တောင်းဆိုချက်အရ LG ကလည်း သူတို့ရဲ့ စက်ရုံ ၂ ခုကို မတ်လကုန်ထိ ပိတ်ထားမယ်လို့ ဆိုပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
 
 
 
 
 
 
Read times
Rate this item
(1 Vote)