Covid 19 ကြောင့် Chrome နဲ့ Chrome OS တွေရဲ့ Update ကိုရပ်ဆိုင်းလိုက်တဲ့ Google

Covid 19 ကြောင့် Chrome နဲ့ Chrome OS တွေရဲ့ Update ကိုရပ်ဆိုင်းလိုက်တဲ့ Google google.com
ဗိုင်းရက်စ် အန္တရာယ်ကြောင့် အလုပ်တွေပိတ်ပြီး အိမ်ကနေပဲ အလုပ်တွေ လုပ်ကိုင်နေကြတဲ့အထဲမှာ Google လည်းအပါအဝင်ပဲ ဖြစ်ပါတယ်။
 
ဒီလို ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကိုင်နေရတဲ့အတွက်ကြောင့် Chrome နဲ့ Chrome OS Update တွေ ထုတ်ပေးနေတာကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။ 
 
အလုပ်ချိန်အပြောင်းအလဲတွေဖြစ်နေတဲ့အတွက် Update လုပ်မယ့်အစား လက်ရှိ Version တွေကိုပဲ ပိုမိုကောင်းမွန်အောင်နဲ့ Security ပိုင်းတွေကို အဓိကထားပြီး Update လုပ်သွားမယ်လို့ ဆိုပါတယ်။ 
 
Google အနေနဲ့ Updates အသစ်တွေကို ဆက်လက်ထုတ်လုပ်ပါက Bugs တွေနဲ့ တခြားသောပြဿနာတွေ ရှိလာနိုင်ခြေရှိတာကြောင့် Updates တွေကို ခေတ္တရပ်ဆိုင်းထားဟန်တူပါတယ်။ 
 
တစ်ခြားသောနည်းပညာကုမ္ပဏီများဖြစ်ကြတဲ့ Apple, Microsoft လိုကုမ္ပဏီများကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားချက်များထုတ်ပြန်ထားကြပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
 
 
 
 
 
 
 
Read times
Rate this item
(1 Vote)