Netflix နည်းတူ YouTube ကလည်း ဗီဒီယိုရုပ်ထွက်အရည်အသွေးများ လျော့ချ
Netflix နည်းတူ YouTube ကလည်း ဗီဒီယိုရုပ်ထွက်အရည်အသွေးများ လျော့ချ google.com
Covid 19 ကြောင့် အိမ်မှာနေထိုင်သူတွေများလာပြီး ဖျော်ဖြေရေးအနေနဲ့ YouTube, Netflix အစရှိတာတွေကို အသုံးပြုလာကြပါတယ်။
ဒီလိုအသုံးပြုသူများလာခြင်းကြောင့် Broadband တွေရဲ့ ဝန်ကိုလျော့ချနိုင်ဖို့ YouTube ကနေ သူတို့ရဲ့ ဗီဒီယိုရုပ်ထွက်အရည်အသွေးကို လျော့ချသွားမယ်လို့ ဆိုပါတယ်။ ဗီဒီယိုရုပ်ထွက်အရည်အသွေးကို 480p ကနေစတင်ပြသမှာဖြစ်ပြီး အသုံးပြုသူက ပိုမိုကောင်းမွန်တဲ့အရည်အသွေးနဲ့ ကြည့်ရှုလိုပါက ကိုယ်ဘာသာ နှစ်သက်ရာ Option ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဒီလို ဗီဒီယိုရုပ်ထွက်အရည်အသွေးလျော့ချတာဟာ YouTube တစ်ခုထဲတင်မကပဲ Netflix ကလည်း အသုံးပြုသူများပြားလာတဲ့အတွက် အင်တာနက်ပြဿနာများမဖြစ်ပေါ်စေရန် ဥရောပအတွင်းက Bitrate ကို လျော့ချခဲ့ပါတယ်။ 
Netflix ကနေ Broadband ကို ၂၅ ရာခိုင်နှုန်းလျော့ချခဲ့ပြီး Amazon နဲ့ Apple ကလည်း အလားတူ အခြေအနေမျိုးတွေပြုလုပ်ခဲ့ပါတယ်။ 
90251442_832926683874316_4730726126572273664_n.png
Zawgyi Version
84448473_605607086947134_8672898589766189056_n.jpg
Read times
Rate this item
(0 votes)