Microsoft ရဲ့ Tablet ထုတ်လုပ်မှုလမ်းကြောင်းကို ထောက်ခံလာတဲ့ Apple

Microsoft ရဲ့ Tablet ထုတ်လုပ်မှုလမ်းကြောင်းကို ထောက်ခံလာတဲ့ Apple google.com
Apple သည် ကိုယ်ပိုင် Tablet အမျိုးအစားဖြစ်တဲ့ iPad ကို ပုံစံအမျိုးမျိုး၊ နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်လာခဲ့တာ လွန်ခဲ့တာ(၁၀)နှစ် တည်းကဖြစ်ပါတယ်။
 
ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူရလွယ်ကူစေဖို့အတွက် tablet အမျိုးအစားဖြစ်တဲ့ iPad ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူစွာဘဲ Microsoft ကုမ္ပဏီကလည်း ကိုယ်ပိုင် Operation system ကို အခြေခံပြီး Tablet အမျိုးအစားတွေ ထုတ်လုပ်လာပါတယ်။ 
 
Apple အနောက်မှာ လိုက်လံထုတ်လုပ်ပေမယ့်ကိုယ်ပိုင် OS ကို Tablet ထဲကို ထည့်ထားမောင်းနှင်ပြီး အသေးစား Netbook တွေဖြစ်အောင်ဖန်တီးထုတ်လုပ်လာပါတယ်။
 
Tablet ကို Keyboard နဲ့ Mosue တွဲပြီး အလုပ် လုပ်လို့ရနေတဲ့ စနစ်ကို ယခင်က Apple ကိုယ်တိုင် သရော်မှုတွေပြုလုပ်ခဲ့ပါတယ်။ အချိန်ကြာလာတော့ iPad တွေရဲ့ဖန်တီးမှုဟာ တဖြည်းဖြည်းနဲ့ Microsoft ရဲ့ Surface Tablet တွေနဲ့တူလာပါတော့တယ်။ 
 
စီးပွါးရေး မိတ်ဆုံရှင်းလင်းခြင်း ပွဲတစ်ခုမှာ Apple CEO Tim Cook အနေနဲ့ “ ယခင်က Surface တွေရဲ့ဖန်တီးမှုဟာ ကောင်းမွန်ပေမယ့် အမြင်တွေက မတူကြတော့ နည်းပညာတစ်ဝိုက်မှာ လူရယ်စရာတစ်ခုလိုဖြစ်စေခဲ့ပါတယ်။ အချိန်တစ်ခုကြာလာတော့ Screen ပေါ်က keyboard တွေကို ရိုက်နေရခြင်းဟာ အလုပ်လုပ်ခြင်းမှာ အချိန်ကြာစေပါတယ်။ Tablet တွေကို Keyboard တွဲထားပေးတဲ့ Idea ကို ကျွန်တော်လေးစားပါတယ် ဒါဟာဖြစ်သင့်တယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ 
 
90251442_832926683874316_4730726126572273664_n.png
 
Zawgyi Version
 
 
 
 
 
 
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Read times
Rate this item
(0 votes)