Corona Virus ကြောင့် iPhone 12 ထွက်ရှိဖို့ နောက်ကျနိုင်

Corona Virus ကြောင့် iPhone 12 ထွက်ရှိဖို့ နောက်ကျနိုင် google.com
နှစ်စဉ် စက်တင်ဘာလတိုင်းမှာ  Apple ချစ်သူတို့ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ လတစ်လ ဖြစ်ပါတယ်။ စက်တင်ဘာလတိုင်းမှာ Apple ဟာ iPhone အသစ်တွေကို သုံးစွဲသူတွေကြား ချပြတဲ့လ လည်းဖြစ်ပါတယ်။ 
 
Nikkei Asian News ကနေ ထွက်ပေါ်လာတဲ့ သတင်းအရကတော့ Apple ဟာ iPhone အသစ်ဖြစ်တဲ့ iPhone 12 ထွက်ရှိမယ့် ရက်ကို 2021 ပတ်ဝန်းကျင်အထိရွှေ့ဆိုင်းနိုင်တယ်လို့ တင်ပြထားပါတယ်။ 
 
မြင်နေကြ အသွင်နဲ့ကွဲပြားတဲ့ ဒီဇိုင်းနဲ့ ပထမဆုံး 5G support လုပ်ပေးနိုင်မယ့် iPhone အသစ်ဖြစ်လာနိုင်ပါတယ်။ 
 
Apple ချစ်သူတွေကတော့ အသစ်ထွက်ပေါ်လာမယ့် iPhone ကို ထွက်ရှိဖို့နောက်ဆုတ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် စိတ်မတင်မကျတွေဖြစ်နေကြပါတယ်။ တပ်ဆင်မယ့် အစိတ်အပိုင်းတွေနဲ့ ထုတ်လုပ်ဖို့လူအင်အား လျော့ချထားတာကြောင့် Apple အနေနဲ့ လာမယ့် စက်တင်ဘာလမှာ iPhone အသစ်ဟာ မြင်ရနိုင်ချေနည်းပါတယ်။ 
 
ပြိုင်ဘက်တွေဖြစ်ကြတဲ့ Samsung၊ LG၊ Huawei တို့က ကိုယ်ပိုင် 5G smart phone ကို ထုတ်လုပ်ထားပြီ ဖြစ်တာကြောင့်မို့ Apple ရဲ့ 5G smart phone ဟာ ဘယ်လိုပုံစံနဲ့ ထွက်ရှိမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ Corona Virus ကို အန်တုမလား? ထွက်ပေါ်နေတဲ့ သတင်းအတိုင်းဘဲ နောက်ဆုတ်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
90251442_832926683874316_4730726126572273664_n.png
 
Zawgyi Version
 
Corona Virus ေၾကာင့္ iPhone 12 ထြက္ရွိဖို႔ ေနာက္က်ႏိုင္
 
ႏွစ္စဥ္ စက္တင္ဘာလတိုင္းမွာ  Apple ခ်စ္သူတို႔ ရင္ခုန္စိတ္လႈပ္ရွားရတဲ့ လတစ္လ ျဖစ္ပါတယ္။ စက္တင္ဘာလတိုင္းမွာ Apple ဟာ iPhone အသစ္ေတြကို သုံးစြဲသူေတြၾကား ခ်ျပတဲ့လ လည္းျဖစ္ပါတယ္။ 
 
Nikkei Asian News ကေန ထြက္ေပၚလာတဲ့ သတင္းအရကေတာ့ Apple ဟာ iPhone အသစ္ျဖစ္တဲ့ iPhone 12 ထြက္ရွိမယ့္ ရက္ကို 2021 ပတ္ဝန္းက်င္အထိေ႐ႊ႕ဆိုင္းႏိုင္တယ္လို႔ တင္ျပထားပါတယ္။ 
 
ျမင္ေနၾက အသြင္နဲ႔ကြဲျပားတဲ့ ဒီဇိုင္းနဲ႔ ပထမဆုံး 5G support လုပ္ေပးႏိုင္မယ့္ iPhone အသစ္ျဖစ္လာႏိုင္ပါတယ္။ 
 
Apple ခ်စ္သူေတြကေတာ့ အသစ္ထြက္ေပၚလာမယ့္ iPhone ကို ထြက္ရွိဖို႔ေနာက္ဆုတ္ႏိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္ စိတ္မတင္မက်ေတြျဖစ္ေနၾကပါတယ္။ တပ္ဆင္မယ့္ အစိတ္အပိုင္းေတြနဲ႔ ထုတ္လုပ္ဖို႔လူအင္အား ေလ်ာ့ခ်ထားတာေၾကာင့္ Apple အေနနဲ႔ လာမယ့္ စက္တင္ဘာလမွာ iPhone အသစ္ဟာ ျမင္ရႏိုင္ေခ်နည္းပါတယ္။ 
 
ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ Samsung၊ LG၊ Huawei တို႔က ကိုယ္ပိုင္ 5G smart phone ကို ထုတ္လုပ္ထားၿပီ ျဖစ္တာေၾကာင့္မို႔ Apple ရဲ႕ 5G smart phone ဟာ ဘယ္လိုပုံစံနဲ႔ ထြက္ရွိမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းလွပါတယ္။ Corona Virus ကို အန္တုမလား? ထြက္ေပၚေနတဲ့ သတင္းအတိုင္းဘဲ ေနာက္ဆုတ္သြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Read times
Rate this item
(0 votes)