Power supply တစ်လုံးဝယ်တော့မယ်ဆို သိသင့်သည့်အချက်များ

Power supply တစ်လုံးဝယ်တော့မယ်ဆို သိသင့်သည့်အချက်များ google.com

pc တစ်ခုလုံးကို ပါဝါဖြန့်ဖြူးပေးတဲ့ကော်လေးပါ

သူ့ကိုဝယ်ရင်တော့ V အဝင်ဘယ်လောက်အနည်းဆုံးလက်ခံနိုင်လဲဆိုတာရယ် watts ဘယ်လောက်လဲဆိုတာကြည့်ရပါတယ်

 

No automatic alt text available.
V
အဝင်မှာ 100 - 240 ac v ဆိုရင် ဒါဟာ ၁၀၀ ကနေ ၂၄၀ အတွင်းအသုံးပြုနိုင်တာကိုဆိုလိုတာပါ မီးအားကျနေတဲ့အချိန် ၁၀၀ အောက်မကျမချင်း စက်အလုပ်လုပ်နေပါဦးမယ် မီးအားတက်ရင်လည်း ၂၄၀ မကျော်မချင်း စက်ကအလုပ်လုပ်နေပါဦးမယ် မီးအား၁၀၀ အောက်ကျရင် စက်သေပြီး မီးအား ၂၄၀ ကျော်ရင် power supply အတွက် က fuse ပြတ်သွားပြီးစက်သေပါ့မယ်ဒီလိုစက်သေခြင်းကတော့ hard disk hhd (ssd မဟုတ်) , moterboard , cpu တွေကို ပျက်စေပါတယ် ပြီးတော့အချို့ ကောင်လေးတွေမှာ ac အဝင်ကြိုး အပေါက်မှာ နှစ်ခုရှိတတ်ပြီး တစ်က အဝင် တစ်ခုက အထွက် ဖြစ်ပြီး ac power ကြိုး ကိုအဝင်မှာတပ်ပြီးအဖိုအမ ကြိုးတစ်ချောင်းဝယ်ပြီး အထွက်ကနေ monitor ကိုတစ်ခါတည်းသွားလို့ရပါတယ်

No automatic alt text available.

 

ပလပ်ပေါက်နှစ်ခုသုံးစရာမလိုတော့ဘူးပေါ့ ဒါပေမယ့်အခုနောက်ပိုင်း မရှိတော့သလို monitor တွေကလဲ သူ့ adaptor နဲ့သူလာတာများပါတယ် အထွက်ကြိုးတွေကတော့ motherboard အတွက် pin 20 + 4 ဒီကြိုးက အရင်motherboard အတွက် ပင်၂၀ ပဲရှိပါတယ် အခုနောက်ပိုင်း motherboard တွေအတွက် ၂၄ ပင်ဖြစ်လို့ နှစ်ခုလုံးသုံးလို့ရအောင် ပင် ၂၀ ကို ဘေးက ၄ပင်အပိုဖြုတ်တပ် လုပ်လို့ရအောင်လုပ်ထားပေးပါတယ်

ဒါပေမယ့် တခါတည်း ၂၄ ပင်လုံးလဲရှိပါတယ် နောက်တစ်ကြိုးက cpu ကိုသွားတဲ့ ၄ ပင် ကြိုး ဖြစ်ပြီး အချို့ ကောင်တွေက ၄ ပင် နှစ်ခု ဖြုတ်တပ်လုပ်လို့ရအောင် တစ်ခုတည်းပါပြီး 8 ပင် motherboard ဖြစ်ရင်လည်း သုံးလို့ရအောင် လုပ်ထားပါတယ်

ဒါကြောင့် ကိုယ် ဝယ်တဲ့အခါ ဘယ်လိုမျိုးဟာကိုရွေးဝယ်ရမယ် ကိုယ်က ဘယ်လို motherboard ကိုသုံးမလဲဆိုတာ တွေးပြီးဝယ်ရပါမယ် နောက်ကြိုးတွေကတော့ hhd , cd drive , fan တွေအတွက် ပါဝါကြိုးတွေဖြစ်ပြီး hhd , cd drive အတွက် IDE , SATA ရယ် fan အတွက် ide အတွက်ထွက်ပေးပါတယ်

PCIe express အတွက် ( graphic card နှင့်အခြား အချို့ပဲလိုအပ်ပါသည်) ထွက် ၆ ပင် သို့ မဟုတ်၆ + ၂ ပင် ထွက်ပေးပါတယ်

watts ကို အနည်းဆုံး ၄၅၀ ထားဝယ်ပါ .. ကိုယ်ရဲ့စက်မှာ garphic ကြီးကြီး အခြားအခြား အပိုပစ္စည်းများများသုံးချင်ရင်တော့ watts များများဝယ်ပါ စက်အကြီးစားတွေအတွက် watts ၁၀၀၀ အထိဝယ်ပါ

 

Myanmar ICT Guide

Sources: Programming Group

 

Read times
Rate this item
(0 votes)