Huawei Mate 20 Pro ကို ဆရာကျကျသုံးနိင်မယ့် Tip များ( အပိုင်း ၂ )

Huawei Mate 20 Pro ကို ဆရာကျကျသုံးနိင်မယ့် Tip များ( အပိုင်း ၂ ) Google

Huawei Mate 20 Pro ဟာ အလန်းစား လုပ်ဆောင်ချက်များစွာ ပါတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

သူ့ကို ၀ယ်ထားတဲ့ လူများ သို့မဟုတ် သူ့ကို ၀ယ်ဖို့ စဉ်းစားနေသူများ အတွက် အကောင်းဆုံး Tips များကို ဖော်ပြပေးလိုက်ပါတယ်။

အပိုင်း ၁ ကို အောက်ပါလင့်မှာ ဖတ်ပါ။

https://www.ictdirectory.com.mm/articles/item/1314-how-to-use-huawei-mate-20-pro-like-a-boss-part-1.html


AI ကို ပိတ်နည်း

===========

ဟွာဝေးရဲ့ ဖုန်းမှာ အလွန်ကောင်းတဲ့ ဥာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။

AI က Scene Recognition နဲ့ Settings များကို ချိန်ညှိပေးတဲ့ အတွက် အလွန် ကောင်းတဲ့ ဓါတ်ပုံများ ရရှိစေပါတယ်။

ဒါပေမယ့် သူ့ကို မသုံးချင်ရင် ပိတ်ထားနိုင်ပါတယ်။

Camera App ကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ Settings Icon ကို နှိပ်ပါ။

Master AI ကို Off လုပ်ပါ။

 

3D Live Maker App ကို အသုံးပြုနည်း

=========================

Mate 20 Pro မိတ်ဆက်ပွဲမှာ အရမ်းလန်းတဲ့ 3D Live Maker လုပ်ဆောင်ချက်ကို သရုပ်ပြခဲ့ပါတယ်။

ဖုန်း ကင်မရာကနေ အရုပ်လေးတစ်ရုပ်ကို 3D Scan ပြုလုပ်လိုက်ပြီး Augmented Reality ကို အသုံးပြု၍ ဖုန်းမှာ အဲဒီအရုပ်ရဲ့ သုံးဖက်မြင် ပုံရိပ်ကို ဖန်တီးပေးပါတယ်။

ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ Huawei App Gallery App ကို ဖွင့်ပါ။

3D Live Maker ကို ရှာပြီး ဒေါင်းလုပ်လုပ်ပါ။

On-screen လမ်းညွှန်ချက်များ အတိုင်း သုံးဖက်မြင် ဓါတ်ပုံများကို ဖန်တီးနိုင်ပါပြီ။

 

Wireless Reverse Charging ကို အသုံးပြုနည်း

===============================

Mate 20 Pro ဟာ အခြား Device များကို ကြိုးမဲ့နည်းနဲ့ အားသွင်းပေးနိုင်ပါတယ်။

အဲဒီ Device များဟာ Qi Wireless Standard ပါရင် အိုကေပါပြီ။

Mate 20 Pro ရဲ့ Settings> Battery > Wireless Reverse Charging မှာ On ပေးပါ။

ဒါဆိုရင် ဖုန်း နှစ်လုံးကို ဘယ်လို အနေအထားဖြင့် အားသွင်းရမလဲဆိုတာ ပြသမှာပါ။

ဖုန်း နှစ်လုံးကို ကျောချင်းကပ်လိုက်ရင် အိုကေပါတယ်။

 

Always-on Display ကို အသုံးပြုနည်း

=========================

Mate 20 Pro ရဲ့ OLED Screen ဟာ Always-on Display ကို ထောက်ပံ့ပါတယ်။

အဲဒီမှာ အချိန်၊ ဘက်ထရီ သက်တမ်းနဲ့ Notification များကို အချိန်ပြည့် ပြသထားပါတယ်။

Settings > Home Screen & Wallpaper > Always-on Display ကို On ပေးပါ။

ညအိပ်ချိန်မှာ Always-on Display ကို ပိတ်ပေးဖိှု့Schedule လုပ်ထားနိုင်ပါတယ်။

 

Smart Resolution ကို အသုံးပြုနည်း

=======================

Mate 20 Pro မှာ ဘက်ထရီကို ချွေတာပေးဖို့ Resolution ကို နှိမ့်ချပေးတဲ့ Smart Resolution ကို Default အားဖြင့် On ထားပါတယ်။

Resolution အပြည့်ကို အသုံးပြုချင်ရင် Settings > Display > Screen Resolution ထဲသွားပြီး Smart Resolution ကို နှိပ်ပါ။

WQHD+ ကို ရွေးပေးပါ။

Notification Icon များ အတွက် နေရာပိုယူပါ။

Mate 20 Pro ရဲ့ Notch ကြောင့် Notification Icon များအတွက် နေရာ သိပ်မရှိပါဘူး။

Notification Icon များအတွက် နေရာပိုရအောင် နည်းလမ်း နှစ်ခု ရှိပါတယ်။

Settings > Display > More Display Settings ထဲသွားပြီး Display Carrier Name နဲ့ Display Network Speed ကို Disable လုပ်ပါ။

နောက်တစ်နည်းက Settings > Battery > Battery Percentage ထဲသွားပြီး Do Not Show ကို ရွေးပေးပါ။

Source : DigitalTimes

Read times
Rate this item
(0 votes)