လူအသုံးပြုမှုများပြီး မထားသင့်သည့် Password no များ

လူအသုံးပြုမှုများပြီး မထားသင့်သည့် Password no များ google

စစ်တမ်းအသစ်တစ်ခုက လူသန်းပေါင်းများစွာဟာ 123456 ကို Password အဖြစ် သုံးနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီစစ်တမ်းကို ဗြိတိန်ရဲ့အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ(NCSC) က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို Password များကို အသုံးပြုသူအများစုရဲ့ အကောင့်များဟာလည်း Hack ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ စစ်တမ်းကလူတွေဟာ ဆိုက်ဘာဗဟုသုတအားနည်းနေတယ်ဆိုတာကို လည်း ပြသထားပါတယ်။

NCSC က လူတွေဟာ မှတ်သားလို့လွယ်ပြီး အက္ခရာတွေ၊ နံပါတ်တွေ၊ Symbol တွေပါတဲ့ Password 3 ခုလောက်ကို အသုံးပြုသင့်တယ်လို့ထောက်ပြပါတယ်။

ဒါမှသာ ဟက်ကာများဖောက်ထွင်းလို့မရတဲ့ အားကောင်းတဲ့ Password များ ဖြစ်လာမှာပါ။ NCSC က ဖောက်ထွင်းခံရတဲ့ အကောင့်များမှာ သုံးထားတဲ့ Password များကို လေ့လာခဲ့ကြပါတယ်။ 123456 ကို အကောင့်ပေါင်း 23 သန်းက အသုံးပြုထားပါတယ်။

ဒုတိယလူသုံးအများဆုံးက 123456789 ဖြစ်ပါတယ်။ လူသုံးအများဆုံးငါးခုထဲမှာ “qwerty” , “password” နဲ့ 111111 တို့ ပါဝင်ပါတယ်။ လူအမည်များကို Password အဖြစ် အသုံးပြုမှုအထဲမှာ Ashley , Michael , Daniel , Jessica နဲ့ Charlie များက အများဆုံးဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးအသင်းများရဲ့ အမည်များကိုလည်း Password အနေနဲ့ သုံးကြပါတယ်။ အသုံးအများဆုံးအသင်းက လီဗာပူးဖြစ်ပြီး နံပါတ် 2 မှာ ချဲလ်ဆီးဖြစ်ပါတယ်။ လူသိများတဲ့ ဒီလိုစကားလုံးများကို Password အဖြစ်သုံးခြင်းဟာ လုံခြုံရေး အရအလွန်ကို အားနည်းပါတယ်။

Source: net guide

Read 181 times
Rate this item
(0 votes)