မသုံးစေချင်တဲ့ Website တွေကို ဘယ်လိုပိတ်ထားကြမလဲ

မသုံးစေချင်တဲ့ Website တွေကို ဘယ်လိုပိတ်ထားကြမလဲ google.com

Server,Router တွေကို သိပ်မကိုင်တတ်လို့  ရုံးဝန်ထမ်းကွန်ပျူတာတွေမှာ

မသုံးစေချင်တဲ့ Website တွေကို ပိတ်ထားချင်သူတွေအတွက် အလွယ်ပိတ်နည်းကိုဖော်ပြပေးလိုက်ပါတယ်။

C:\Windows\System32\drivers\etc အောက်ကို တစ်ဆင့်ချင်း ဝင်သွားပါ။ Hosts ဖိုင်ကို Right Click နှိပ်၊ Open With နဲ့ Notepad ကိုရွေးဖွင့်ပါ။ Windows 10 တွေဆိုရင် Edit လုပ်ဖို့ Permission တောင်းလာပါလိမ့်မယ်။

အဲ့ဒီ Hosts ဖိုင်ကို Right Click နှိပ်၊ Properties>SecurityTab> Edit or Advanced ထဲဝင်ပြီး အခုသုံးနေတဲ့ User Account ကိုရွေးပြီး Full Permission ပေး၊ Apply-OK နှိပ်ပေးလိုက်ပါ။

Hosts ဖိုင်ကို Notepad နဲ့ ဖွင့်လို့ ရပြီးဆိုရင် အောက်ဆုံးမှာ 127.0.0.1 ကို အပေါ်က စာကြောင်းတွေနဲ့ ညီအောင် Space ခြား၊ ပိတ်ထားချင်တဲ့ Website တွေကို ရိုက်ထည့်ပြီး Save လုပ်၊ စက်ကို Restart ချပေးလိုက်ပါ။

Google,Facebook,Youtube တွေသုံးလို့ ရတော့မှာ မဟုတ်ပါဘူး။ ပြန်သုံးစေချင်ရင် C:\Windows\System32\drivers\etc အတိုင်း ပြန်ဝင်ပြီး 127.0.0.1 နဲ့ Website နာမည်တွေကို ဖျက်၊ Saveလုပ်၊ စက်ကို Restart ပြန်ချပေးလိုက်ပါ။

ရုံးမှာ မိမိသုံးနေတဲ့စက်က Website တွေဝင်ကြည့်လို့ မရရင် အပေါ်ကနည်းအတိုင်း ပိတ်ထားလား စစ်ကြည့်နိုင်တယ်နော်။ Proxy Server တွေနဲ့ ပိတ်ထားရင်တော့ မရဘူးပေါ့။

Read More : Proxy Server ဆိုတာ ဘာလဲ..?

NetComplus

Myanmar ICT Guide

Read times
Rate this item
(2 votes)