Windows 10 မှာ Desktop Screen ကို တစ်ခုထက်မက ဘယ်လိုအသုံးပြုမလဲ

Windows 10 မှာ Desktop Screen ကို တစ်ခုထက်မက ဘယ်လိုအသုံးပြုမလဲ google.com
ယခုပြသသည့်အတိုင်းလိုက်မလုပ်ကြည့်ခင် Window ကီးဆိုတာ ဘယ်ကီးလဲ , Tab ကီးဆိုတာ ဘယ်ကီးလဲ, Ctrl ကီးဆိုတာ ဘယ်ကီးလဲ အရင်သိအောင်လုပ်ပြီးမှ စမ်းလုပ်ကြည့်စေချင်ပါတယ်။
 
Windows 10 နဲ့Windows 10 Update ကွန်ပျူတာတွေမှာ Desktop Screen တစ်ခုထက်မက Desktop များစွာ ပြုလုပ်အသုံးပြုနိုင်ပါတယ်။ Desktop Screen တစ်ခုတည်းမှာ ဖွင့်အသုံးပြုထားတဲ့ Browser Tab တွေ၊ Windows Explorer Tab တွေ အစရှိတဲ့ Tab ပေါင်းများစွာဖွင့်ထားလို့နောက်ထပ်ဖွင့်စရာနေရာမကျန်တော့ဘူးဆိုရင် Desktop Screen အသစ်ထိုးပြီး ဖွင့်အသုံးပြုနိုင်ပါတယ်။
 
နောက်တစ်ခုက အလုပ်ရုံးတွေမှာအလုပ်လုပ်ရင်း အလုပ်နဲ့မဆိုင်တာတွေ လျှောက်ကြည့်ချင်ရင် အလုပ်ကိစ္စအတွက် Desktop Screen တစ်ခု၊ ကိုယ်လျှောက်ကြည့်ချင်တာ၊လုပ်ချင်တာတွေအတွက် DesktopScreen တစ်ခုပြုလုပ်ထားနိုင်ပါတယ်။ တကယ်လို အလုပ်နဲ့မဆိုင်တာတွေကိုလုပ်နေရင်း အထက်လူကြီးလာကြည့်ခဲ့ရင် ShortcutKey လေးနဲ့အလုပ်ကိစ္စလုပ်နေတဲ့ DesktopScreen ဖက်ကို အမြန်ပြောင်းရွေ့နိုင်ပါတယ်။
 
ဒီနည်းလေးကို ပြုလုပ်ဖို့Shortcut Key နဲ့ဖွင့်အသုံးပြုတဲ့နည်းလေးကို အရင်ပြောပြချင်ပါတယ်။ Shortcut Key နဲ့ နောက်ထပ် Desktop Screen ပြုလုပ်ထားဖို့.....
 
1. Windows Key + Ctrl + D ကို တွဲနှိပ်ပြီးDesktop Screen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။
 
2. Windows Keys + Tab ကို တွဲနှိပ်၊ New Desktop ကိုထပ်နှိပ်ပြီး DesktopScreen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။
 
3. ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊ New Desktop ကို နှိပ်ပြီး Screen အသစ်ပြုလုပ်နိုင်ပါတယ်။
 
4. Desktop Screen က တစ်ခုထက်မက များနေရင် Desktop တစ်ခုနဲ့တစ်ခုပြောင်းလဲအသုံးပြု (Switch) လုပ်ဖို့ Windows Key + Ctrl+ Left Arrow နဲ့ Right Arrow Key ကို နှိပ်ပြီး Switch လုပ်နိုင်ပါတယ်။
 
5. Desktop Screen 1 မှာ ဖွင့်အသုံးပြုနေတာတွေကို Desktop Screen 2 သို့အကုန်ရွေ့ပြောင်းချင်တယ်ဆိုရင် ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊ လုပ်ထားသမျှ Desktop တွေ အကုန်ပေါ်လာပြီဆိုရင် Desktop 1 ကို Right Click > Move to ကိုထပ်နှိပ်ပြီး Desktop 2 သို့ရွေ့ပြောင်းနိုင်ပါတယ်။
 
6. Desktop Screen အားလုံးကို တစ်ခုချင်း ပိတ်ချင်ရင် ကွန်ပျူတာTaskbar ပေါ်က Task View ကိုနှိပ်၊ပိတ်ချင်တဲ့ Desktop ရဲ့အပေါ်မှာ အနီရောင်ကြက်ခြေခတ်ကို နှိပ်ပိတ်နိုင်သလို ShortcutKey နဲ့ဆိုရင် ပိတ်ချင်တဲ့ Desktopတစ်ခုကို ဖွင့်ထားပြီး Windows Key + Ctrl + F4 တွဲနှိပ် ပိတ်နိုင်ပါတယ်။
 
(Unicode)
 
Windows 10 မှာ Desktop Screen ကို တစ်ခုထက်မက ဘယ်လိုအသုံးပြုမလဲ
 
ယခုပြသသည့်အတိုင်းလိုက်မလုပ်ကြည့်ခင် Window ကီးဆိုတာ ဘယ်ကီးလဲ , Tab ကီးဆိုတာ ဘယ်ကီးလဲ, Ctrl ကီးဆိုတာ ဘယ်ကီးလဲ အရင်သိအောင်လုပ်ပြီးမှ စမ်းလုပ်ကြည့်စေချင်ပါတယ်။
 
Windows 10 နဲ့Windows 10 Update ကွန်ပျူတာတွေမှာ Desktop Screen တစ်ခုထက်မက Desktop များစွာ ပြုလုပ်အသုံးပြုနိုင်ပါတယ်။ Desktop Screen တစ်ခုတည်းမှာ ဖွင့်အသုံးပြုထားတဲ့ Browser Tab တွေ၊ Windows Explorer Tab တွေ အစရှိတဲ့ Tab ပေါင်းများစွာဖွင့်ထားလို့နောက်ထပ်ဖွင့်စရာနေရာမကျန်တော့ဘူးဆိုရင် Desktop Screen အသစ်ထိုးပြီး ဖွင့်အသုံးပြုနိုင်ပါတယ်။
 
နောက်တစ်ခုက အလုပ်ရုံးတွေမှာအလုပ်လုပ်ရင်း အလုပ်နဲ့မဆိုင်တာတွေ လျှောက်ကြည့်ချင်ရင် အလုပ်ကိစ္စအတွက် Desktop Screen တစ်ခု၊ ကိုယ်လျှောက်ကြည့်ချင်တာ၊လုပ်ချင်တာတွေအတွက် DesktopScreen တစ်ခုပြုလုပ်ထားနိုင်ပါတယ်။ တကယ်လို အလုပ်နဲ့မဆိုင်တာတွေကိုလုပ်နေရင်း အထက်လူကြီးလာကြည့်ခဲ့ရင် ShortcutKey လေးနဲ့အလုပ်ကိစ္စလုပ်နေတဲ့ DesktopScreen ဖက်ကို အမြန်ပြောင်းရွေ့နိုင်ပါတယ်။
 
ဒီနည်းလေးကို ပြုလုပ်ဖို့Shortcut Key နဲ့ဖွင့်အသုံးပြုတဲ့နည်းလေးကို အရင်ပြောပြချင်ပါတယ်။ Shortcut Key နဲ့ နောက်ထပ် Desktop Screen ပြုလုပ်ထားဖို့...
 
1. Windows Key + Ctrl + D ကို တွဲနှိပ်ပြီးDesktop Screen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။
 
2. Windows Keys + Tab ကို တွဲနှိပ်၊ New Desktop ကိုထပ်နှိပ်ပြီး DesktopScreen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။
 
3. ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊ New Desktop ကို နှိပ်ပြီး Screen အသစ်ပြုလုပ်နိုင်ပါတယ်။
 
4. Desktop Screen က တစ်ခုထက်မက များနေရင် Desktop တစ်ခုနဲ့တစ်ခုပြောင်းလဲအသုံးပြု (Switch) လုပ်ဖို့ Windows Key + Ctrl+ Left Arrow နဲ့ Right Arrow Key ကို နှိပ်ပြီး Switch လုပ်နိုင်ပါတယ်။
 
5. Desktop Screen 1 မှာ ဖွင့်အသုံးပြုနေတာတွေကို Desktop Screen 2 သို့အကုန်ရွေ့ပြောင်းချင်တယ်ဆိုရင် ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊ လုပ်ထားသမျှ Desktop တွေ အကုန်ပေါ်လာပြီဆိုရင် Desktop 1 ကို Right Click > Move to ကိုထပ်နှိပ်ပြီး Desktop 2 သို့ရွေ့ပြောင်းနိုင်ပါတယ်။
 
6. Desktop Screen အားလုံးကို တစ်ခုချင်း ပိတ်ချင်ရင် ကွန်ပျူတာTaskbar ပေါ်က Task View ကိုနှိပ်၊ပိတ်ချင်တဲ့ Desktop ရဲ့အပေါ်မှာ အနီရောင်ကြက်ခြေခတ်ကို နှိပ်ပိတ်နိုင်သလို ShortcutKey နဲ့ဆိုရင် ပိတ်ချင်တဲ့ Desktopတစ်ခုကို ဖွင့်ထားပြီး Windows Key + Ctrl + F4 တွဲနှိပ် ပိတ်နိုင်ပါတယ်။
 
Credit; Win Computer Center
 
Read times
Rate this item
(1 Vote)