USB Drive ထဲက data တွေကို လုံခြုံမှုရှိအောင် ဘယ်လိုလုပ်မလဲ

USB Drive ထဲက data တွေကို လုံခြုံမှုရှိအောင် ဘယ်လိုလုပ်မလဲ google.com
ကွန်ပျူတာကို Password ထည့်ထားသလိုမျိုး ကိုယ်အသုံးပြုနေတဲ့ USB drive ထဲက data တွေကို လုံခြုံမှုပေးနိုင်အောင် Microsoft က ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။
 
ဒီလုပ်ဆောင်ချက်ဟာ တစ်ကယ်တော့ရိုးရှင်းပေမယ့် Windows 8, 8.1 နဲ့ 10 တွေမှာပဲ ရရှိမှာဖြစ်ပါတယ်။
 
(၁) ရှေးဦးစွာ သင် Password နဲ့ အသုံးပြုချင်တဲ့ USB drive ကို ကွန်ပျူတာမှာ တပ်ပါ။ အဲဒီနောက် USB drive ကို Right click လုပ်ပြီး Turn on BitLocker ကိုနှိပ်ပါ။
 
(၂) BitLocker Drive Encryption ပေါ်လာတဲ့အခါ မိမိပေးလိုတဲ့ Password ကို ၂ ကြိမ် ရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။ ပေးတဲ့ Password ဟာ အက္ခရာနဲ့ ဂဏန်းရောနေရပါမယ်။
 
(၃) နောက်ထပ်ပေါ်လာတဲ့ recovery key သိမ်းရမယ့် box မှာ login ဝင်ထားတဲ့ Microsoft account ရှိရင် အပေါ်က save to your Microsoft account ကိုရွေးပါ။ မရှိရင် အောက်က save to a file ကို ရွေးပြီး Next ကိုနှိပ်ပါ။ Recovery key ကို သွားသိမ်းပါလိမ့်မယ်။ ပြီးရင် Next ကို ထပ်နှိပ်ပါ။
 
(၄) နောက်ထပ် ပေါ်လာတဲ့ box မှာ Encrypt used disk space only ကိုရွေးပြီး next ကို နှိပ်ပါ။
 
(၅) ထပ်မံပြီး Compatible mode ကိုရွေးကာ next ကို နှိပ်ပါ။ ထို့နောက် Start encrypting ကိုနှိပ်ပါ။ ဒါဆိုရင် လုပ်ငန်းပြီးဆုံးသွားပြီဖြစ်ပြီး USB drive ပုံစံမှာ သော့ပုံလေးပေါ်လာမှာဖြစ်ပါတယ်။
 
USB stick ကို Eject လုပ်ပြီး ကွန်ပျူတာမှာပြန်တပ်လို့ Auto run ပွင့်တဲ့အခါ The drive is BitLocker protected လို့ပြနေမှာဖြစ်ပြီး USB drive ကို ဖွင့်တဲ့အခါ password တောင်းနေပါလိမ့်မယ်။
 
BitLocker ကို မသုံးချင်တော့တဲ့အခါ password ထည့် ပြန်ဖွင့်ပြီး USB drive ကို Right click လုပ်ကာ Manage BitLocker မှတစ်ဆင့် Turn of BitLocker ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
 
Zawgyi Version

ကြန္ပ်ဴတာကို Password ထည့္ထားသလုိမ်ဳိး ကိုယ္အသံုးျပဳေနတဲ့ USB drive ထဲက data ေတြကို လံုၿခံဳမႈေပးႏိုင္ေအာင္ Microsoft က ျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။

 
ဒီလုပ္ေဆာင္ခ်က္ဟာ တစ္ကယ္ေတာ့ရိုးရွင္းေပမယ့္ Windows 8, 8.1 နဲ႕ 10 ေတြမွာပဲ ရရွိမွာျဖစ္ပါတယ္။
 
(၁) ေရွးဦးစြာ သင္ Password နဲ႔ အသံုးျပဳခ်င္တဲ့ USB drive ကို ကြန္ပ်ဴတာမွာ တပ္ပါ။ အဲဒီေနာက္ USB drive ကို Right click လုပ္ၿပီး Turn on BitLocker ကိုႏွိပ္ပါ။
 
(၂) BitLocker Drive Encryption ေပၚလာတဲ့အခါ မိမိေပးလုိတဲ့ Password ကို ၂ ႀကိမ္ ရိုက္ထည့္ၿပီး Next ကိုႏွိပ္ပါ။ ေပးတဲ့ Password ဟာ အကၡရာနဲ႕ ဂဏန္းေရာေနရပါမယ္။
 
(၃) ေနာက္ထပ္ေပၚလာတဲ့ recovery key သိမ္းရမယ့္ box မွာ login ၀င္ထားတဲ့ Microsoft account ရွိရင္ အေပၚက save to your Microsoft account ကိုေရြးပါ။ မရွိရင္ ေအာက္က save to a file ကို ေရြးၿပီး Next ကိုႏွိပ္ပါ။ Recovery key ကို သြားသိမ္းပါလိမ့္မယ္။ ၿပီးရင္ Next ကို ထပ္ႏွိပ္ပါ။
 
(၄) ေနာက္ထပ္ ေပၚလာတဲ့ box မွာ Encrypt used disk space only ကိုေရြးၿပီး next ကို ႏွိပ္ပါ။
 
(၅) ထပ္မံၿပီး Compatible mode ကိုေရြးကာ next ကို ႏွိပ္ပါ။ ထုိ႕ေနာက္ Start encrypting ကိုႏွိပ္ပါ။ ဒါဆိုရင္ လုပ္ငန္းၿပီးဆံုးသြားၿပီျဖစ္ၿပီး USB drive ပံုစံမွာ ေသာ့ပံုေလးေပၚလာမွာျဖစ္ပါတယ္။
 
USB stick ကို Eject လုပ္ၿပီး ကြန္ပ်ဴတာမွာျပန္တပ္လို႕ Auto run ပြင့္တဲ့အခါ The drive is BitLocker protected လုိ႔ျပေနမွာျဖစ္ၿပီး USB drive ကို ဖြင့္တဲ့အခါ password ေတာင္းေနပါလိမ့္မယ္။
 
BitLocker ကို မသံုးခ်င္ေတာ့တဲ့အခါ password ထည့္ ျပန္ဖြင့္ၿပီး USB drive ကို Right click လုပ္ကာ Manage BitLocker မွတစ္ဆင့္ Turn of BitLocker ကိုႏွိပ္လိုက္ပါ။ ဒါဆိုရင္ အဆင္ေျပမယ္လို႕ေမွ်ာ္လင့္ပါတယ္။
 
 
Source: IT Knowledge Myanamr
 
Read times
Rate this item
(3 votes)