Windows 10 Update သိကောင်းစရာများ

Windows 10 မှာ Update တွေ မကြာမကြာ ၀င်လာတယ်။ ကွန်ပျူတာကို သုံးပြီးလို့ စက်ပိတ်တဲ့အခါ Update ၀င်လို့ စောင့်ပေးရတာ မကြာမကြာ ကြုံရတယ်။
တကယ်တော့ Update တွေနဲ့ ပိုပိုကောင်းအောင် လုပ်ပေးနေတာ ဖြစ်လို့ သည်းခံပြီး Update ကို တင်ကြရတယ်။ တစ်ခါတလေမှာ အသေးစားတွေ လာတတ်ပြီး အကြီးစားတွေလည်း လာတယ်။ အချိန်ဇယား ချမှတ်ထားပေမဲ့လည်း အကြောင်းကြောင်းကြောင့် နောက်ကျတာ ထုံးစံပဲ။ April 2019 Update က တစ်လနောက်ကျပြီး May 21, 2019 မှ စချပေးတယ်။ June 6, 2019 ကျမှ အားလုံးကို ပေးလို့ ပြီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြတယ်။ အဲဒါ version 1903 ဖြစ်ပါတယ်။
 
လိုချင်လျက်နဲ့ ၀င်မလာရင် ကွန်ပျူတာမှာ တားထားတာ ဖြစ်နိုင်တယ်။ အင်တာနက်ဖိုး သက်သာအောင် တားထားတာ ရှိသလို Update မကြာမကြာ လာလာနှောက်ယှက်တာကို မလိုလားလို့ တားကြတာလည်း ရှိတယ်။ လိုချင်ပါလျက် မရ ဖြစ်နေလို့ ရယူချင်တယ်ဆိုရင်တော့ Windows Update ကို ၀င်ပြီး Check for Updates ကို ကလစ်လုပ်ပြီး တောင်းခံရယူနိုင်ပါတယ်။ 
 
22.PNG
 
မယူချင်သေးဘူးဆိုရင်လည်း ကိစ္စ မရှိပါဘူး။ သူ ချပေးနေတဲ့ security updates တွေကို support လုပ်နေသေးတဲ့ အခြေအနေမှာ ရှိနေရင် အဆင်ပြေပါတယ်။ အဲဒါက update အကြီးစား တစ်ခု ချပေးပြီးချိန်မှ စရေတွက်ရင် တစ်နှစ်ခွဲ (၁၈လ) အထိ update တွေ မယူသေးဘဲ နေလို့ရတယ်။ ၁၈ လကျော်ရင်တော့ မယူမနေရ ယူခိုင်းပါလိမ့်မယ်။ 
 
ခဏတားတာမျိုးလည်း လုပ်ခွင့် ပေးထားတယ်။ ၃၅ ရက်အထိ ဆိုင်းငံ့ထားလို့ရတယ်။ တစ်ခါဆိုင်းငံ့ရင် ၇ ရက် ပေးတယ်။ အများဆုံး ၅ ကြိမ်အထိ ဆိုင်းငံ့လို့ရတာမို့ စုစုပေါင်း ၃၅ ရက်အထိ ရက်ရွှေ့ဆိုင်းလို့ ရတယ်။ pause the updates ကို ရွေးချယ်ပေးပြီး ဆိုင်းငံ့ထားလို့ ရနိုင်ပါတယ်။
 
Update ကို backgroud မှာ down ယူပေးထားဖို့အတွက် အရင်တုန်းက နေရာ 7 GB ကို PC ရဲ့ storage မှာ ချန်ထားပါတယ်။ 
 
33.PNG
 
7 GB နေရာချန်
 
Updates တွေ ဆွဲယူပြီး သိမ်းထားဖို့ နေရာ 7 GB မကျန်ခဲ့ရင် updates လုပ်ပေးလို့ မရတာကြောင့် အခုလို နေရာချန်ထားတာ ဖြစ်ပါတယ်။ temporary files တွေ သိမ်းဆည်းတဲ့ နေရာမှာ ယူသုံးတာ ဖြစ်လို့ updates မရှိချိန်မှာ temporary files တွေ ထားသိုပါတယ်။ Update ၀င်လာတဲ့အခါ နေရာမလောက်ခဲ့ရင် ရှိနေတဲ့ temporary files တွေကို ဖယ်ရှားရှင်းလင်းပြီး updates တွေကို သိမ်းဆည်းပါတယ်။ updates ကို install လုပ်ပြီးချိန်ကျမှ ယူထားတဲ့ updates files တွေကို ပြန်ဖျက်ပေးလိုက်ပါတယ်။ 
 
အဲဒီလို update ကို နောက်ကွယ်မှာ ယူနေတဲ့အတွက် အင်တာနက် သုံးတဲ့အခါ လေးလံနှေးကွေးနေတတ်ပါတယ်။ စိတ်ပျက်ရတဲ့အထိ နှေးပြီး စက်က လေးနေတတ်ပါတယ်။ စိတ်တိုစရာပါပဲ။ အဲဒါကြောင့်လည်း တချို့က အထက်မှာ ဆိုခဲ့တဲ့အတိုင်း updates မယူဖို့ တားထားလိုက်ကြတာ ဖြစ်ပါတယ်။ 
 
4.png
 
Sandbox
 
ဆော့ဖ်ဝဲတစ်ခု စမ်းကြည့်ဖို့အတွက် Windows Sandbox စီစဉ်ပေးထားတယ်။ Professional, Enterprise နဲ့ Education အမျိုးအစား Windows တွေမှာ ပါဝင်တယ်။ တခြား softwares တွေကို မထိခိုက်စေဘဲ sandbox ထဲမှာ အလုံကာရံထားပြီး စမ်းသပ်လို့ ရစေပါတယ်။ Home အမျိုးအစား Windows ဆိုရင်တော့ ပိုက်ပိုက်ပေးပြီး Pro အဆင့်ကို upgrade လုပ်လိုက်ပြီးတော့မှ Sandbox ကို install လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ 
 
5.png
 
6.png
 
Unpin Start Menu
 
Start Menu မှာ စတုရန်းကွက်တွေနဲ့ ခင်းကျင်း ပြသပေးထားတာတွေထဲမှာ ကိုယ်အသုံးမလိုတာတွေလည်း ပါနေတယ် မျက်စိနောက်တယ်။ ဖယ်ရှားပစ်ချင်တယ်ဆိုရင် ဖယ်ချင်တဲ့ စတုရန်းကွက်မှာ right-click နှိပ်လိုက်ရင် ပွင့်ကျလာတဲ့ dropdown မှာ အပေါ်ဆုံး လိုင်းမှာ ရှိနေတဲ့ “Unpin From Start” ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။
 
အောက်ဆုံးလိုင်းမှာ အမှိုက်ပုံးနဲ့အတူ Uninstall လို့ ပြနေရင် အဲဒီ app ကို စက်ထဲမှာ install လုပ်ထားတယ်။ မထားချင်ဘူးဆိုရင် အဲဒီ Uninstall ကို ရွေးချယ်ပြီး ပြန်ဖြုတ်ချခိုင်းလိုက်ပါ။ တစ်နည်း ပြောရရင် built-in app ကို လုံးလုံးလျားလျား uninstall  လုပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ built-in app တွေထဲမှာ Solitaire, My Office, 3D Viewer, Groove Music, Mail, Paint 3D စတာတွေကို ဖယ်ရှားခိုင်းလို့ ရပေမဲ့ မရတာတွေလည်း ရှိပါတယ်။ ဥပမာ Edge browser နဲ့ Store app တို့ဆိုရင် ဖယ်ရှားခွင့် မပေးထားပါဘူး။ Edge က မိုက်ခရိုဆော့ဖ်ရဲ့ browser ဖြစ်ပြီး သုံးစွဲသူ များပြားပြီး Chrome နဲ့ ပခုံးချင်း ယှဉ်နိုင်ဖို့ အသည်းအသန် ပြုပြင်မွမ်းမံပြီး ကြိုးပမ်းဆောင်ရွက်နေတော့ သူ့ကို ဖြုတ်ထုတ်ပစ်ဖို့ ခွင့်မပြုနိုင်တာ သဘာဝ ကျပါတယ်။ Store app ကလည့်း  ဖြုတ်လိုက်ရင် ကမောက်ကမတွေ ဖြစ်ကုန်မယ်။ 
 
7.png
 
Search Bar, Cortana, Search Box နဲ့ Task Bar
 
Windows 10  မှာ search bar ပါတယ်။ တစ်ချိန်တုန်းက စကားသံနဲ့ စေခိုင်းလို့ရတဲ့ Cortana ကို လူသိများဖို့၊ လူသုံးများဖို့  search box ထဲ မှာ ပူးတွဲထားတယ်။ သုံးတဲ့အခါ Cortana က အနှောက်အယှက် ဖြစ်တယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ် အသံထွက်ကို သူက ကောင်းကောင်း နားမလည်တော့ အလုပ်မဖြစ်ဘူး။ အခုတော့ Cortana ကို သီးခြား ခွဲထုတ်ထားတယ်။ search box ရဲ့ နဘေးမှာ ဝိုင်းဝိုင်းစက်စက် စက်ဝိုင်းပုံ သင်္ကေတကို ဘေးဘက် ထုတ်ပေးထားတယ်။ search box နဲ့ Cortana တို့က အောက်ခြေမှာ ရှိတဲ့ Task bar ပေါ်မှာ နေရာယူထားတယ်။ Task bar ပေါ်ကနေ hide လို့ရတယ်။ ဆိုလိုတာက search box ကို hide ပြီး Cortana ပဲ ထားမယ်ဆိုရင်လည်း ရတယ်။ Cortana ကို hide ပြီး search box ကိုပဲ ထားမယ် ဆိုလည်း ရတယ်။ နှစ်မျိုးစလုံး hide ပစ်မယ် ဆိုလည်း ရတယ်။ 
 
Search_Box.png
 
Search box
 
မှန်ဘီလူးနဲ့အတူ Type here to search လို့ စာတန်းထိုးပြီး ဖိတ်ခေါ်ထားတဲ့ Search Box ကို ကလစ်လိုက်ရင် နောက်ဆုံး သုံးခဲ့တဲ့ ဖိုင်တွေကို စာရင်းပြသမယ်။ ထိပ်ဆုံးတန်းမှာတော့ “All,” “Apps,” “Documents,” “Email”  “Web” နဲ့ “More” တို့ပါတယ်။ ရှာချင်တဲ့ ကဏ္ဍကို ရွေးချယ်ပြီး ရှာခိုင်းလို့ ရတယ်။ More ကို ကလစ်လုပ်ရင် ထွက်ကျလာတဲ့ drop down မှာ Folder, Music, People, Photos, Videos တွေကို ရွေးချယ်ဖို့ ဖော်ပြပေးထားတယ်။ ကိုယ်ရှာချင်တဲ့ ကဏ္ဍကိုပဲ ကွက်ကွက်ကလေး ရှာဖို့ စီစဉ်ပေးထားတာ ဖြစ်ကြောင်း ပြောပြဖို့ လိုမယ် မထင်ဘူး။ 
 
Windows search bar က စက်ထဲမှာတင် ရှာပေးတာ မဟုတ်ဘဲ အွန်လိုင်း တက်ရှာဖို့ကိုပါ ပေါင်းစပ်ထားတယ်။ အင်တာနက် ချိတ်ထားရင် အွန်လိုင်းကိုပါ တက်ရှာမယ်။ အဲဒီအခါမှာ မိုက်ခရိုဆော့ဖ်ရဲ့ ရှာဖွေရေးအင်ဂျင် Bing ကို သုံးမှာ ဖြစ်ပါတယ်။ ရှာဖွေရေး အင်ဂျင် Google ပေးမသုံးတဲ့ တရုတ်ပြည်မှာ ဆိုရင် Bing ကို ပေးသုံးထားလို့ Google အစားထိုးအဖြစ် သုံးစွဲနိုင်ပါတယ်။
 
9.png
 
emoji
 
update မှာ emoji တွေ ထပ်တိုးပြီး ထည့်ပေးထားတယ်။
 
emoji ကို ခေါ်ထုတ်ဖို့ short cut key က Windows  key နဲ့ fullstop (Period ဟုလည်းခေါ်ဝေါ်) . key တို့ကို ပြိုင်တူနှိပ်ရမှာ ဖြစ်ပါတယ်။ 
 
10.png
 
Notepad
 
ပြောပြရမယ်ဆိုရင် ပြောပြစရာတွေ အများကြီးပဲ။ စာအုပ် တစ်အုပ် ဖြစ်သွားနိုင်လောက်တယ်။ ဒီတော့ Notepad အကြောင်း တင်ပြပြီး နိဂုံးချုပ်ပါရစေ။ Notepad မှာ View ကို ၀င်ပြီး Status Bar ပြသပေးထားဖို့ ရွေးချယ်ထားတယ်ဆိုရင် ဖိုင်ကို UTF-8 နဲ့ save ထားရဲ့လား ဆိုတာ Status bar မှာ ကြည့်လို့ရတယ်။ အရင်တုန်းက save တဲ့အခါမှာ UTF-8 ကို မရွေးမိရင် ANSI အမျိုးအစားဖြင့် save ပေးလိုက်တယ်။ ဖိုင်ပြန်ဖွင့်ရင် အဆင်မပြေတော့ဘူး။ အခုတော့ Save ခိုင်းလိုက်တာနဲ့ အဆင်ပြေစေမယ့် UTF-8 ဖြင့် Save ပေးတယ်။ ဖိုင်ကို Save မလုပ်ရသေးဘဲ စက်ပိတ်မိရင် အဲဒီဖိုင်ကို အမည်ရှေ့မှာ ခရေပွင့် ပြပြီး သိမ်းပေးထားတယ်။ ဥပမာ  Example.txt ကို ဖွင့်ပြီး လုပ်ကိုင်တယ်။ ပြန်မသိမ်းမိဘူး။ စက်ပိတ်ချလိုက်တယ်ဆိုရင် *Example.txt ဆိုပြီး အလိုအလျောက် သိမ်းပေးထားမှာ ဖြစ်ပါတယ်။ 
 
Notepad အသစ်တစ်ခု ခေါ်ထုတ်ဖို့ short cut key လည်း စီစဉ်ပေးထားတယ်။ 
 
Ctrl+Shift+N ဖြစ်ပါတယ်။ 
 
Save As အတွက် Ctrl+Shift+S ဖြစ်ပြီး ဖွင့်ထားတဲ့ Notepad ကိုပိတ်ရင် Ctrl+W ဖြစ်ပါတယ်။
 
ကျန်းမာ ရွှင်လန်းပါစေ။ 
 
Read times
Rate this item
(3 votes)