Windows 10 မွာ file folder ကုိ bookmark လုပ္နည္း ၆ မ်ဳိး

သုံးျဖစ္တာ မသုံးျဖစ္တာ အသာထား။ သိထားရင္ မမွားဘူး။ အထာက်က် ဆရာက်က် ျဖင့္ Folder တစ္ခုကုိ Windows 10 မွာ bookmark လုပ္တဲ့ နည္းလမ္းေတြ ရွိတယ္။ 
 
Folder Shortcuts
 
Shortcut လုပ္ခ်င္တဲ့ folder ကုိ ျမားဦးေထာက္ၿပီး right click  လုပ္လုိက္ရင္  drop down  ပြင့္က်လာတဲ့အထဲမွ “Create Shortcut”  ကုိ ကလစ္လုပ္လုိက္ရင္ ရပါၿပီ။
 
2222.png
 
အဲဒါကေတာ့ လက္ရွိ ေနရာမွ မေရြ႕ဘဲ shortcut ဖန္တီးလုိက္တာ ျဖစ္ပါတယ္။ ေနာက္တစ္နည္းကေတာ့ Desktop ဖုိင္အုပ္စုထဲကုိ ေရြ႕ေပးလုိက္ၿပီး shortcut လုပ္ေပးလုိက္တာ ျဖစ္ပါတယ္။ ခုနကအတုိင္း Folder အေပၚမွာ ျမားဦးေထာက္၊ right click လုပ္လုိက္ရင္ ပြင့္က်လာတဲ့ dropdown မွာ send to ကေန တစ္ဆင့္  Desktop (Create Shotcut) ကုိ ေရြးခ်ယ္ေပးလုိက္ရင္ ရပါၿပီ။ Desktop  screen မွာ အဲဒီ folder ကုိ ျပသထားလိမ့္မယ္။ 
 
3.png
 
Task Bar Jump Lists
 
Windows မွာ ပုံမွန္အားျဖင့္ ( တကူးတက hide လုပ္မထားရင္) task bar က အၿမဲေပၚေနတယ္။
 
ေပၚေနတဲ့  Task Bar မွာ  folder ထားဖုိ႔ bookmark လုပ္တဲ့နည္းေတြ ရွိတယ္။  Task bar  မွာ ပါတဲ့ Windows File Explorer ကုိ right click လုပ္လုိက္ရင္ Task Bar Jump Lists ျပသမယ္။ အေပၚျခမ္းမွာ pin  လုပ္ထားတာေတြကုိ ျပသထားတယ္။ ပုံမွန္အားျဖင့္ ၁၂ ခု အထိ လက္ခံတယ္။ ထပ္တုိးခ်င္ရင္လည္း ရတယ္။ 
 
Pin လုပ္ခ်င္တဲ့ folder  ကုိ အဲဒီ  Task bar  ဆီကုိ  ဆြဲယူသြားၿပီး လႊတ္ခ်ေပးလုိက္ရုံပါပဲ။
 
4444.png
 
Task bar မွာ folder ကုိ ျပသထားမယ္။ unpin လုပ္ခ်င္ရင္ folder ကုိ  right click လုပ္ပါ။ unpin လုပ္ဖုိ႔ သေကၤတ icon ကုိ ေရြးခ်ယ္ၿပီး ကလစ္ လုပ္ေပးလုိက္ရုံပါပဲ။
 
File Explorer Quick Access List
 
Folder တစ္ခုကုိ Windows File Explorer မွာ Quick Access ရဖုိ႔  စာရင္းေပးသြင္းထားခ်င္ရင္  Folder ေပၚ ျမားတင္ၿပီး  right-click လုပ္လုိက္တဲ့အခါ Drop down ပြင့္က်လာမယ္။ “Pin to Quick Access” ကုိ left-click လုပ္ေပးလုိက္ရင္ quick access စာရင္းထဲ စာရင္းသြင္း မွတ္သားေပးထားလုိက္မွာ ျဖစ္ပါတယ္။
 
p.png
 
Start Menu
 
Windows 10 ရဲ႕ start menu မွာ app ေတြကုိသာမက folders  ေတြကုိလည္း စာရင္းထည့္သြင္းေပးထားလုိ႔ ရပါတယ္။ Folder ေပၚ ျမားတင္ၿပီး  right-click လုပ္လုိက္တဲ့အခါ Drop down ပြင့္က်လာမယ္။ “Pin to Start” ကုိ left-click လုပ္ေပးလုိက္ရင္ Start Menu စာရင္းထဲ စာရင္းသြင္း မွတ္သားေပးထားလုိက္မွာ ျဖစ္ပါတယ္။ 
 
q.png
 
အဲဒီ folder ကုိ စတုရန္းကြက္ေတြ ခင္းက်င္းထားတာမွာထည့္သြင္း ျပသေပးထားမွာ ျဖစ္ၿပီး ေအာက္ဆုံးလုိင္းမွာ ျပသေပးထားလိမ့္မယ္။ တကယ္လုိ႔ သူနဲ႔ သက္ဆုိင္တဲ့ အုပ္စုထဲကုိ ေနရာေရႊ႕ေပးခ်င္တယ္ဆုိရင္ left-click ျဖင့္ ဖိၿပီး ေနရာဆြဲေရႊ႕ေပးလုိ႔ရပါတယ္။ 
 
r.png
 
တူရာစုၿပီး အုပ္စုဖြဲ႕ေပးထားခ်င္တယ္ဆုိရင္ စတုရန္းကြက္ေတြ ခင္းက်င္းထားတဲ့ ေနရာ ေအာက္ဘက္ပုိင္းမွာ ျမားကုိ အသာေရႊ႕ေပးေနရင္ News group ဆုိၿပီး စာသားထြက္လာမယ္။ စာသားက ညာဘက္မွာ ရွိၿပီး ဘယ္ဘက္မွာ ဘားတန္းတုိ ႏွစ္ေၾကာင္း ရွိတယ္။ အဲဒါကုိ ကလစ္လိုက္ရင္ Group အသစ္အတြက္ အမည္ေပးဖုိ႔ box ေပၚလာမယ္။ အမည္ကုိ စာရုိက္သြင္းေပးၿပီး အျခားေနရာတစ္ခုမွာ ကလစ္လုပ္လုိက္ရင္ group အမည္က ေခါင္းစဥ္တစ္ခုအျဖစ္ ေပၚေနပါမယ္။ အဲဒီေခါင္းစဥ္ေအာက္ကုိ အုပ္စုထဲ ထည့္လုိတဲ့ folder ေတြ app ေတြကုိ ဖိဆြဲေရႊ႕ၿပီး ေနရာခ်ေပးထားႏုိင္ပါၿပီ။
 
s.png
 
Task Bar Toolbars
 
Task bar မွာ ပါတဲ့ Toolbars မွာ ထားလုိတဲ့ folder ကုိ စာရင္းသြင္းဖုိ႔အတြက္ လုပ္ကုိင္မယ္ဆုိရင္ Task bar ကုိ right click လုပ္ပါ။ ေပၚလာတဲ့ စာရင္းရဲ႕ ထိပ္ဆုံးမွာ ရွိေနတဲ့  Toolbars  ကုိ left click လုပ္လုိက္ရင္ ေနာက္ထပ္ dropdown တစ္ခု ပြင့္မယ္။ ေအာက္ဆုံးလုိင္းမွာ ေဖာ္ျပထားတဲ့ New toolbar …. ကုိ ကလစ္လုပ္လုိက္တဲ့အခါ select folder အကြက္ ေပၚလာမယ္။ ကုိယ္ထားလုိတဲ့ folder ဆီကုိ သြားေရာက္ၿပီး အဲဒီ folder ကုိ ေရြးခ်ယ္ေပးလုိက္ရမွာ ျဖစ္ပါတယ္။ 
 
t.png
 
Unicode 
 
 
Windows 10 မှာ file folder ကို bookmark လုပ်နည်း ၆ မျိုး
 
သုံးဖြစ်တာ မသုံးဖြစ်တာ အသာထား။ သိထားရင် မမှားဘူး။ အထာကျကျ ဆရာကျကျ ဖြင့် Folder တစ်ခုကို Windows 10 မှာ bookmark လုပ်တဲ့ နည်းလမ်းတွေ ရှိတယ်။ 
 
Folder Shortcuts
 
Shortcut လုပ်ချင်တဲ့ folder ကို မြားဦးထောက်ပြီး right click  လုပ်လိုက်ရင်  drop down  ပွင့်ကျလာတဲ့အထဲမှ “Create Shortcut”  ကို ကလစ်လုပ်လိုက်ရင် ရပါပြီ။
 
အဲဒါကတော့ လက်ရှိ နေရာမှ မရွေ့ဘဲ shortcut ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Desktop ဖိုင်အုပ်စုထဲကို ရွေ့ပေးလိုက်ပြီး shortcut လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ခုနကအတိုင်း Folder အပေါ်မှာ မြားဦးထောက်၊ right click လုပ်လိုက်ရင် ပွင့်ကျလာတဲ့ dropdown မှာ send to ကနေ တစ်ဆင့်  Desktop (Create Shotcut) ကို ရွေးချယ်ပေးလိုက်ရင် ရပါပြီ။ Desktop  screen မှာ အဲဒီ folder ကို ပြသထားလိမ့်မယ်။ 
 
 Task Bar Jump Lists
 
Windows မှာ ပုံမှန်အားဖြင့် ( တကူးတက hide လုပ်မထားရင်) task bar က အမြဲပေါ်နေတယ်။
 
ပေါ်နေတဲ့  Task Bar မှာ  folder ထားဖို့ bookmark လုပ်တဲ့နည်းတွေ ရှိတယ်။  Task bar  မှာ ပါတဲ့ Windows File Explorer ကို right click လုပ်လိုက်ရင် Task Bar Jump Lists ပြသမယ်။ အပေါ်ခြမ်းမှာ pin  လုပ်ထားတာတွေကို ပြသထားတယ်။ ပုံမှန်အားဖြင့် ၁၂ ခု အထိ လက်ခံတယ်။ ထပ်တိုးချင်ရင်လည်း ရတယ်။ 
 
Pin လုပ်ချင်တဲ့ folder  ကို အဲဒီ  Task bar  ဆီကို  ဆွဲယူသွားပြီး လွှတ်ချပေးလိုက်ရုံပါပဲ။
 
Task bar မှာ folder ကို ပြသထားမယ်။ unpin လုပ်ချင်ရင် folder ကို  right click လုပ်ပါ။ unpin လုပ်ဖို့ သင်္ကေတ icon ကို ရွေးချယ်ပြီး ကလစ် လုပ်ပေးလိုက်ရုံပါပဲ။
 
File Explorer Quick Access List
 
Folder တစ်ခုကို Windows File Explorer မှာ Quick Access ရဖို့  စာရင်းပေးသွင်းထားချင်ရင်  Folder ပေါ် မြားတင်ပြီး  right-click လုပ်လိုက်တဲ့အခါ Drop down ပွင့်ကျလာမယ်။ “Pin to Quick Access” ကို left-click လုပ်ပေးလိုက်ရင် quick access စာရင်းထဲ စာရင်းသွင်း မှတ်သားပေးထားလိုက်မှာ ဖြစ်ပါတယ်။
 
Start Menu
 
Windows 10 ရဲ့ start menu မှာ app တွေကိုသာမက folders  တွေကိုလည်း စာရင်းထည့်သွင်းပေးထားလို့ ရပါတယ်။ Folder ပေါ် မြားတင်ပြီး  right-click လုပ်လိုက်တဲ့အခါ Drop down ပွင့်ကျလာမယ်။ “Pin to Start” ကို left-click လုပ်ပေးလိုက်ရင် Start Menu စာရင်းထဲ စာရင်းသွင်း မှတ်သားပေးထားလိုက်မှာ ဖြစ်ပါတယ်။ 
 
 အဲဒီ folder ကို စတုရန်းကွက်တွေ ခင်းကျင်းထားတာမှာထည့်သွင်း ပြသပေးထားမှာ ဖြစ်ပြီး အောက်ဆုံးလိုင်းမှာ ပြသပေးထားလိမ့်မယ်။ တကယ်လို့ သူနဲ့ သက်ဆိုင်တဲ့ အုပ်စုထဲကို နေရာရွှေ့ပေးချင်တယ်ဆိုရင် left-click ဖြင့် ဖိပြီး နေရာဆွဲရွှေ့ပေးလို့ရပါတယ်။ 
 
တူရာစုပြီး အုပ်စုဖွဲ့ပေးထားချင်တယ်ဆိုရင် စတုရန်းကွက်တွေ ခင်းကျင်းထားတဲ့ နေရာ အောက်ဘက်ပိုင်းမှာ မြားကို အသာရွှေ့ပေးနေရင် News group ဆိုပြီး စာသားထွက်လာမယ်။ စာသားက ညာဘက်မှာ ရှိပြီး ဘယ်ဘက်မှာ ဘားတန်းတို နှစ်ကြောင်း ရှိတယ်။ အဲဒါကို ကလစ်လိုက်ရင် Group အသစ်အတွက် အမည်ပေးဖို့ box ပေါ်လာမယ်။ အမည်ကို စာရိုက်သွင်းပေးပြီး အခြားနေရာတစ်ခုမှာ ကလစ်လုပ်လိုက်ရင် group အမည်က ခေါင်းစဉ်တစ်ခုအဖြစ် ပေါ်နေပါမယ်။ အဲဒီခေါင်းစဉ်အောက်ကို အုပ်စုထဲ ထည့်လိုတဲ့ folder တွေ app တွေကို ဖိဆွဲရွှေ့ပြီး နေရာချပေးထားနိုင်ပါပြီ။
 
Task Bar Toolbars
 
Task bar မှာ ပါတဲ့ Toolbars မှာ ထားလိုတဲ့ folder ကို စာရင်းသွင်းဖို့အတွက် လုပ်ကိုင်မယ်ဆိုရင် Task bar ကို right click လုပ်ပါ။ ပေါ်လာတဲ့ စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့  Toolbars  ကို left click လုပ်လိုက်ရင် နောက်ထပ် dropdown တစ်ခု ပွင့်မယ်။ အောက်ဆုံးလိုင်းမှာ ဖော်ပြထားတဲ့ New toolbar …. ကို ကလစ်လုပ်လိုက်တဲ့အခါ select folder အကွက် ပေါ်လာမယ်။ ကိုယ်ထားလိုတဲ့ folder ဆီကို သွားရောက်ပြီး အဲဒီ folder ကို ရွေးချယ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ 
 
 
Read times
Rate this item
(4 votes)