အွန်လိုင်းပေါ်က လိမ်ညာ၊ လှည့်ဖြားမှုတွေကို ဘယ်လိုဖြတ်ကျော်မလဲ၊ သတင်းအတုအစစ်ဘယ်လိုရွေးမလဲ

အွန်လိုင်းပေါ်က လိမ်ညာ၊ လှည့်ဖြားမှုတွေကို ဘယ်လိုဖြတ်ကျော်မလဲ၊ သတင်းအတုအစစ်ဘယ်လိုရွေးမလဲ google.com
ဟိုပေ့ခ်ျလေး like လိုက်ပါ။ ဒီပို့စ်လေးရှဲလ်လိုက်ပါ။ ဟိုဟာတွေဝင်မယ်၊ ဒီဟာတွေရမယ်။ ဒီနာမည်ကြီးမင်းသမီးရဲ့ ပေ့ခ်ျအသစ်လေးပါ။ အားပေးကြပါဦး။
 
 
ခင်ရင် hi ခဲ့ပါ။ မြန်မာမှန်ရင်စသည့်ဖြင့်အပြင် ယုံကြည်ကိုးကွယ်မှုကအစ လိမ်ညာလှည့်ဖြားမှုတွေနဲ့ သတင်းအတုအယောင်တွေကို ဒစ်ဂျစ်တယ်ခေတ်မှာ မတွေ့ချင်မှအဆုံးမြင်တွေ့နေရပါတယ်။ ဒါကြောင့် သတင်းအတုအစစ်၊ ကောင်းလားဆိုးလား၊ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဘယ်လိုရွေးမလဲဆိုတာကို theverge ရဲ့ဖော်ပြမှုနဲ့ မြန်မာမှုပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဆင့် ၄ ဆင့်နဲ့ ကောက်ချက်ခြင်းဆိုပြီးပါဝင်မှာဖြစ်ပါတယ်။
 
အဆင့် ၁ ဘယ်အချိန်မှာ စိုးရိမ်ကြောက်ရွံ့သင့်သလဲ
 
အမုန်းတရား၊ အကြောက်တရားနဲ့ အစွဲဆိုတာတွေက သင်တို့ကိုကောင်းကောင်းဖမ်းစားနိုင်မှန်း အတုအယောင်ရေးသား ဖော်ပြသူတွေက ကောင်းကောင်းသိပါတယ်။ ဒါတွေနဲ့ဖမ်းစားပြီး လူထုရဲ့စိတ်ဝင်စားမှုကို ကောင်းကောင်းရယူနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စာတစ်ပုဒ်ကသင့်ကိုဆွဲဆောင်နေပြီဆိုရင် သေသေချာချာနဲ့ နီးနီးကပ်ကပ်ဖတ်ကြည့်ဖို့လိုပါတယ်။
 
ကိုယ့်ကိုကိုယ်ဆန်းစစ်ခြင်း
 
၁။ သင့်မှာဒါနဲ့ပက်သတ်ပြီး ပြင်းထန်တဲ့ခံစားမှုရှိနေလား
၂။ သင့်ရဲ့ယုံကြည်မှုနဲ့ပက်သတ်ပြီး ပြီးပြည့်စုံနေတာလား
၃။ ဒါနဲ့ပက်သတ်ပြီး ပိုက်ဆံသုံးတော့မှာလား
၎။ ဒါကိုထပ်ဆင့်ပွား လူသိများစေချင်ပြီလား
 
အထက်ကဟာတွေပြီးရင်တော့ သတင်းအရင်းအမြစ်ကဘယ်ကလာသလဲရှာသင့်ပါတယ်။ ပုံတွေဆိုရင်လည်း ဘယ်နိုင်ငံက ပုံလဲဆိုတာကို google မှာ ပြန်ရှာလို့ရပါတယ်။ အခုလက်ရှိမှာ တော်တော်များများစိတ်ဝင်စားနေတာကတော့ ဥပမာ အနေနဲ့ပါ။ တို့ဆေးနဲ့ ကလေးသူခိုးပါ။ မှန်သလား၊ မှားသလားထက် တရားဝင်ထုတ်ပြန်ချက်မဟုတ်ရင် စွပ်စွဲပြောဆိုမှုလား စဉ်းစားရမှာပါ။ စိုးရိမ်လို့ကာကွယ်ရမှာကတော့ မိမိတို့တာဝန်ပါ။ 
 
အကောင်းဆုံးကတော့ သတင်းစာမှာပါပြီလားပါ။ သတင်းစာက မှန်ကန်မှုများပါတယ်။ ဒါပေမယ့် print media ရဲ့ထုံးစံအ တိုင်း digital media ထက်တော့ နောက်ကျပါမယ်။
 
သတင်းပေါက်ကြားမှုဆိုတာ ကျွန်တော်တို့နဲ့တော့ စိမ်းပါတယ်။ အနီးစပ်ဆုံးကတော့ ဘယ်ဖုန်းကိုဘယ်တော့ထုတ်မယ်၊ ဘာတွေပါမယ်ဆိုတာပါ။ ဒါပေမယ့် အမှန်လားဆိုတာ မမြင်ဘူးတဲ့စည်းတံဆိပ်တုံးတစ်ခုပါတိုင်း ယုံကြည်လို့မရပါဘူး။ နိုင်ငံတော်အဆင့်ဆိုရင် နိုင်ငံတော်အဆင့်ကနေပဲ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။ 
 
နောက်ဆုံးတစ်ခုကတော့ Press Release ပါ။ ဒါဆိုရင်တော့ အရင်ကဖြီးဖြန်းခဲ့သမျှကို ဘူးပေါ်သလိုပေါ်စေနိုင်ပါတယ်။ ယုံကြည်မှုအရှိဆုံးလည်းဖြစ်ပါတယ်။
 
ဆက်လက်ဖော်ပြပါမည် ……….
 
Read times
Rate this item
(5 votes)