မိမိ Website page ရဲ့ image file size လျော့နည်းအောင်လုပ်နည်း

မိမိ Website page ရဲ့ image file size လျော့နည်းအောင်လုပ်နည်း google.com

Website ရေးနေတဲ့ သူတွေ၊ content writer သမား တွေ၊ အတွက် မိမိတို့ရဲ့ web page မှာloading အရမ်းတက်၊ အရမ်းလေးကန်နေပြီး အဝိုင်းလည်နေတတ်ကြပါတယ်။

ဒါဟာ အင်တာနက်ကြောင့်လည်းဖြစ်နိုင်တယ်၊ developerရဲ့ coding အသုံးပြုထားမှု တွေအပေါ်လည်း သက်ဆိုင်ပါတယ်။ အခြား အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိနေပါသေးတယ်။

အဲ့ဒါကတော့ အသုံးပြုထားတဲ့ image file size ကြောင့်ပါ။ မိမိ web page မှာ အသုံးပြုထားတဲ့ image တွေက အရွယ်အစား၊ file size အလွန်ကြီးမားနေတဲ့ အတွက် web page ကိုစစဖွင့်ချင်း သူတို့ကို loading ဖတ်နေရပါတယ်။ အဲ့ဒါကြောင့် တချို့ website page တွေမှာ image တွေကောင်းကောင်းမပေါ်တာတွေ၊ loading ကြာနေတာတွေ ဖြစ်နေတာပါ။

ဒီပြဿာနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ photo file size လျော့အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားဖို့လိုလာပါပြီ။ ဒီနည်းလမ်းရဲ့ အဖြေက နဂိုကတည်းက google မှာ ရှိထားပြီးသားဗျ။ ကျနော်တို့ မရှာကြည့်လို့သာ မတွေ့တာ။ သုံးရတာလည်း လွယ်ပါတယ်။ အဲ့ဒါကို image compressor လုပ်နည်းလို့ခေါ်တယ်။ ဒီနည်းက image ရဲ့ အရည်အသွေးပိုင်းကို လုံးဝမထိခိုက်ပါဘူး။။

အောက်ပါလင့်အတိုင်း ဝင်ရောက်နိုင်ပါတယ်။
Link

https://compressjpeg.com/


ဒီနည်းလမ်းနဲ့ photo file size တွေလျှော့နည်းအောင်လုပ်ပြီး ပေါ့ပါးသွက်လပ်တဲ့ website များဖန်တီးနိုင်ကြပါစေ။

Nga htet (Myanmar ICT Guide)

Read times
Rate this item
(1 Vote)