Microsoft ကို ပူးတွဲ တည်ထောင်သူ Paul Allen ကွယ်လွန်

Microsoft ကို ပူးတွဲ တည်ထောင်သူ Paul Allen ကွယ်လွန် Google

ဒီတစ်ပတ်ရဲ့ တီထွင်သူများကဏ္ဍမှာတော့ ၀မ်းနည်းစရာသတင်းကိုပဲ စိတ်မကောင်းစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Microsoft ရဲ့ ပူးတွဲ တည်ထောင်သူ Paul Allen ဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၆၅ နှစ်ရှိပါပြီ။

သူဟာ Bill Gates ရဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်ပြီး သူတို့ နှစ်ဦးဟာ ၁၉၇၅ ခုနှစ်မှာ Microsoft ကို စတင် တည်ထောင်ခဲ့ပါတယ်။

Gates က သူ့ရဲ့ အချစ်ခင်ဆုံး ငယ်သူငယ်ချင်း ဆုံးပါးသွားတဲ့အတွက် စိတ်နှလုံး ကွဲကြေရကြောင်း ABC News ကို ပြောပါတယ်။

Microsoft ရဲ့ စီအီးအို Satya Nadella က Microsoft နဲ့ နည်းပညာ နယ်ပယ်မှာ Allen ရဲ့ ကြိုးစားမှုတွေဟာ မရှိမဖြစ် လိုအပ်ခဲ့ပါတယ်လို့ ပြောပါတယ်။

Allen ဟာ Microsoft အမည်ကို ပေးခဲ့သူ ဖြစ်ပြီး ဒီနေ့ခေတ်မှာ ကွန်ပြူတာကိုင်သူတိုင်း သုံးနေတဲ့ ခလုတ် နှစ်ခုပါ မောက်စ်ကို ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ Microsoft ကနေထွက်ခွာလာပြီးနောက်မှာ Vulcan Company ကို တည်ထောင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများကို တည်ထောင်ခဲ့ပါတယ်။

သူ့ဟာ အလှူအတန်းလည်း ရက်ရောပြီး မကြာခင်ကပဲ အိမ်ခြေမဲ့ လူများနဲ့ ၀င်ငွေနည်းလူများအတွက် ဒေါ်လာ ၄၆ သန်းတန် အိမ်ယာကို တည်ဆောက်ပေးခဲ့ပါတယ်။

သူဟာ ၂၀၀၃ ခုနှစ်မှာ Allen Institute for Brain Science ကို တည်ထောင်ခဲ့ပြီး ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်များ လေ့လာဖို့ ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သူဟာ Allen Institute for Artificial Intelligence နဲ့ Allen Institute for Cell Science တို့ကို ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

Related News: Bill Gates နဲ့ Paul Allen အတူတည်ထောင်ခဲ့တဲ့ Microsoft ဘဝဇာတ်ကြောင်း

 

သူသေသွားရင် သူ့ရဲ့ ပိုင်ဆိုင်မှု အများစုကို ဒီ သုတေသနလုပ်ငန်းများအတွက် လှူဒါန်းမယ်လို့ သူက ၂၀၁၂ ခုနှစ်မှာ Forbes ကို ပြောခဲ့ဖူးပါတယ်။

Apple CEO Tim Cook နဲ့ Google CEO Sundar Pichai တို့က Allen ဟာ နည်းပညာနယ်ပယ်မှာ မီးရှူးတန်ဆောင် ဖြစ်တယ်လို့ တွစ်တာမှာ ဂုဏ်ပြုခဲ့ကြပါတယ်။

Amazon CEO Jeff Bezos က Allen ရဲ့ တီထွင်မှုများဟာ လူပေါင်းများစွာရဲ့ ဘ၀ကို ပြောင်းလဲစေခဲ့တယ်လို့ ပြောပါတယ်။

Source : DigitalTimes

 နိုင်ငံတကာမှ နည်းပညာဆိုင်ရာ တီထွင်သူများ၏ အကြောင်းကို အပတ်စဉ် အင်္ဂါနေ့ည(၇)နာရီတိုင်း တင်ပြပေးသွားပါမည်။

Read times
Rate this item
(1 Vote)