ဓာတ်ပုံပညာမှာအရေးကြီးတဲ့ Exposure ဆိုတာဘာလဲ ?

ဓာတ်ပုံပညာမှာအရေးကြီးတဲ့ Exposure ဆိုတာဘာလဲ ? Google

ကြည့်ရှုလက်ခံနိုင်လောက်တဲ့ ရုပ်ပုံတစ်ခုဖြစ်ဖို့အတွက် အလင်းအမှောင်မှန်ကန်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ဟာ ရိုက်ထားတဲ့ရုပ်ကို ကြည့်လိုက်ပြီဆိုရင် လင်းလွန်းမှောင်လွန်းနေမယ်ဆိုရင် ဇာတ်လမ်းကို Focus လုပ်နိုင်တော့မှာ မဟုတ်ဘဲ ဒီလင်းလွန်းမှောင်လွန်းတဲ့ ပြဿနာကိုပဲ သွားဂရုပြုနေမိမှာပါ။

အခေါ်အဝေါ်အရ လင်းလွန်းတာကို Over Expose လို့ ခေါ်ပါတယ်။ မှောင်လွန်းတာကို Under Expose လို့ ခေါ်ပါတယ်။ ဒီလို မှောင်လွန်းလင်းလွန်းခြင်းမရှိဘဲ အလင်းအမှောင် မှန်မှန်ကန်ကန် ရိုက်နိုင်ရပါတယ်။ ဒီလို အလင်းအမှောင် မှန်ကန်ဖို့ Camera မှာ Setting ချိန်ရန် နှစ်မျိုးရှိတယ်လို့ တွေးထားလို့ရပါတယ်။ 

အဲ့ဒီနှစ်မျိုးကတော့ Automatic Exposure နဲ့ Manual Exposure ပါ။ Automatic ဆိုတာကတော့ ကင်မရာက သူ့ Intelligent နဲ့ ရိုက်လိုက်တဲ့ Scene ပေါ် သူ့ဘာသာ အလင်းအမှောင်ကို ဆုံးဖြတ်ပြီးထားတာပါ။ အနီးစပ်ဆုံးပြောပြရရင် Mobile အများစုဟာ Automatic တွေပါ။ (တချို့ Manual ရတဲ့ Phone Camera တွေလဲ ရှိပါတယ်။)

Mobile မှာဆိုရင် ရှင်းပါတယ်။

ကျွန်တော်တို့ရိုက်ချင်တဲ့ Subject ပေါ်ကို Touch ပေးလိုက်တာနဲ့ ဒီ Subjet ပေါ်ကို Camera က Meter လုပ်ပြီး လိုအပ်တဲ့ အလင်းအမှောင် အနေအထားရအောင် Setting ချိန်ပေးလိုက်တာပါ။ Camera တွေမှာပါတဲ့ Automatic Feature ဟာလည်း ၎င်းအတိုင်းပဲ သူ့ Metering ပေါ်မူတည်ပြီး Setting တွေကို သူ့စိတ်ကြိုက် ချိန်လိုက်ပါတယ်။

ဒါဆို ပြီးပြီပေါ့။ အလင်းအမှောင် (Exposure) မှန်ဖို့ အရေးကြီးတာပဲ မဟုတ်လားလို့ မေးစရာ ရှိပါတယ်။ ဟုတ်ပေမယ့် Automatic မသုံးသင့်တဲ့ အကြောင်းတွေ ရှိလာပါတယ်။ Automatic ဆိုကတည်းက အမြဲ သူက Metering လုပ်ပြီး Exposure ကို Auto Adjust လုပ်နေပါတယ်။ ရိုက်နေတဲ့နေရာ ရွှေ့လိုက်တာနဲ့ အလင်းအမှောင်က လိုက်တိုင်းပြီး Exposure ကို လိုက်ပြောင်းနေပါတယ်။ ဒါကို ဖုန်းတွေမှာ အတွေ့များပါလိမ့်မယ်။

ဆိုတော့ ရိုက်နေတုန်း ကင်မရာနေရာအနေအထား အပြောင်းအလဲလုပ်တာနဲ့ Exposure က ခဏခဏပြောင်းနေရင် ကြည့်ရတော်တော်အဆင်မပြေပါဘူး။ နောက်ဆုံး ရိုက်နေတုန်း Frame အထဲကနေ လူဖြတ်သွားရင်တောင် Exposure က Auto Adjust လိုက်လုပ်ပါတယ်။

ဒါကို ဖြေရှင်းတဲ့နည်းကတော့ Exposure Lock ပါရင် Lock ချထားဖို့ပါပဲ။

Phone တွေမှာလဲ နောက်ပိုင်း Exposure Lock လုပ်လို့ရတဲ့ App တွေ နဂိုကိုက Lock လုပ်လို့ရတဲ့ Phone တွေလဲ ရှိနေပါပြီ။ Lock ချထားလိုက်ရင် ကိုယ်လိုချင်တာ ဒီလောက်အလင်းအနေအထား Lock လိုက်တော့ ဘယ်လောက်လင်းလာလာ မှောင်သွားသွားမပြောင်းနဲ့လို့ Command ပေးလိုက်တဲ့ သဘောပါ။

အပေါ်က ပုံကတော့ iPhone Video Camera App ဖြစ်တဲ့ Pro Movie recorder ပါ။

ဒီ App ကနေပဲ ကျွန်တော်တို့ လေ့လာကြည့်ပါမယ်။

ပထမဆုံး အောက်ဆုံးမှာ 25 Shutter ဆိုတဲ့ စာဘေးမှာ Orange color နဲ့ ဘားတန်းလေးတစ်ခုကို တွေ့မှာပါ။

အဲ့ဒါက Exposure Compensation ပါ။

ဒီဟာက Camera မှာ Exposure ကို ပြပေးတဲ့ ဘားတန်းလေးပါ။

ဓာတ်ပုံကင်မရာတွေဖြစ်တဲ့ DSLR တွေမှာလဲ ဒီဘားတန်းလေးနဲ့ပဲ Exposure ကို ပြပေးပါတယ်။
အောက်မှာ ကြည့်လို့ရပါတယ်။

ဒီ Exposure Compensation ဆိုတာ ဘာလဲဆိုတာ အရင်ရှင်းပြပါမယ်။ 

အခု အပေါ်က Phone App ပေါ်မှာ မြင်ရတဲ့အတိုင်း လေးထောင့်တုံးလေးတွေ ရှိပါတယ်။

သူတို့က အလင်းပမာဏ ဘယ်လောက်အများအနည်းကိုပြတဲ့ Unit လို့ သတ်မှတ်လို့ ရပါတယ်။

သူတို့အပေါ်က Cursor လေးကတော့ ကိုယ့် Frame ဒါမှမဟုတ် ကိုယ့် Shot က ဘယ်လောက် လင်းနေမှောင်နေကြောင်းပြပေးတဲ့ Point လေးပါ။

ဆိုတော့ ဒီ Exposure Compensation လေးဟာ မိမိ Shot မှောင်နေလား လင်းနေလား ဘယ်အတိုင်းအတာထိ မှောင်နေလင်းနေကြောင်းကို ပြပေးပါတယ်။

ဒီ Cursor လေးက အလယ်တည့်တည့်မှာရှိတဲ့ လေးထောင့်တုံးလေးပေါ်ရောက်နေရင် ဒီ Shot ဟာ မလင်းလွန်းမမှောင်လွန်း Correct Exposure ဆိုပြီး သတ်မှတ်ပါတယ်။

အဲ့ဒီလိုမဟုတ်ဘဲ အောက်ကပုံမှာ အနီရောင် Arrow Sign နဲ့ ပြထားတဲ့အတိုင်း ဘယ်ဘက်ကို ရောက်နေမယ်ဆိုရင် မှောင်တယ်လို့ပြောပြီး ညာဘက်ကိုရောက်ရင် လင်းတယ်လို့ သတ်မှတ်ပါတယ်။

ဒါဟာ Phone တွေမှာဆိုရင်တော့ ကိုယ့် Touch Focus လုပ်လိုက်တဲ့ နေရာကိုပဲ Camera ကတိုင်းပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Camera တွေမှာတော့ သူ့ Metering System ကို လိုက်ပြီး ချိန်ပေးတာပါ။

ဒါတွေက Basic မှာ မသိသေးလဲ ရပါတယ်။

ဆိုတော့ Automatic ရဲ့ သဘောတရားကတော့ ဒီလိုလင်းသွားမှောင်သွားခြင်းမရှိအောင် Cursor ကို အမြဲ ဒီ Center မှာပဲရှိအောင် ထားပေးထားတဲ့ သဘောပါ။

ကင်မရာကို Still တိုင်းထား Frame ထဲကိုလဲ တခြား ဘာမှဝင်လာတာမျိုးမရှိရင်တော့ ပြသနာမရှိပေမယ့် Camera ကိုလဲ Movement လုပ် Frame ထဲမှာလဲ Lighting ကို ခဏခဏပြောင်းနေရင် သူကလဲ အဲ့ဒီအတိုင်း Exposure ကို Correct ရအောင်လိုက်ပြီး ချိန်ပါတယ်။

အဲ့လိုဆို ကိုယ့် Shot ဟာလဲ သိသိသာသာ မှောင်လိုက်လင်းလိုက် ဖြစ်နေမှာပါ။

အဲ့လိုမဖြစ်အောင် Exposure ကို Auto တစ်ကြိမ်တည်းချိန်ပြီးတာနဲ့ ပုံမှာမြင်ရတဲ့အတိုင်း Exposure ဆိုတဲ့ အကွက်ဘေးမှာ သော့ခလောက်ပုံစံလေး ပါပါတယ်။

အဲ့ကောင်လေးကတော့ Exposure Lock ပါ။

ဒီလို Lock လိုက်ပြီဆိုတာနဲ့ ဘယ်လို Camera ကိုရွှေ့ရွှေ့ Frame ထဲမှာ ဘယ်လောက်အပြောင်းအလဲရှိရှိ Lock လုပ်ခဲ့တဲ့ Exposure အနေအထားအတိုင်း ရှိနေမှာပါ။

ဒါဆို အလင်းမှောင်မှန်ဖို့ရော Lighting ကို ဆက်တိုက်မပြောင်းလဲသွားအောင် လုပ်လို့ရနေပြီ။

Automatic Exposure ရယ် Exposure Lock Function သုံးလိုက်ရင်ရော အဆင်ပြေပြီ မဟုတ်လားလို့ ပြောစရာရှိပါတယ်

တချို့အခြေအနေတွေမှာတော့ ရကောင်းရပါပြီ။

ဒါပေမဲ့ အပေါ်က ရေးခဲ့သလိုပဲ Cinematography ဆိုတာ ရုပ်ပေါ်တာနဲ့ အလင်းအမှောင်မှန်ကန်တာနဲ့ ပြီးသွားတဲ့အရာ မဟုတ်ပါဘူး။

ဇာတ်ညွှန်းပေါ်က စကားလုံးတွေကို ရုပ်ပုံတွေကနေတစ်ဆင့် ကြည့်ရှုသူရဲ့ ခံစားချက် Mood အဖြစ် ပြောင်းသွားအောင်လုပ်ရတာပါ။

ဆိုတော့ အလင်းအမှောင်အပြင် ထပ်ပြီးဂရုစိုက်ရမှာလေးတွေ ရှိလာပါတယ်။

အဲ့ဒါတွေကတော့ ဒီ Automatic Exposure မှာ မရဘဲ Manual Exposure မှာပဲ ဖြစ်နိုင်မှာပါ။

Source : NetGuide

Myanmar ICT Guide

Read times
Rate this item
(1 Vote)