Internet Connection အမျိုးအစားများအကြောင်း

Internet Connection အမျိုးအစားများအကြောင်း google

ကျွန်တော်တို့ တစ်တွေ အသုံးပြုနေတဲ့ Internet Connection တွေ ကအမျိုးမျိုး ရှိပါတယ်။ Wired Base ရော၊ Wireless တွေရော အမျိုးမျိုးပါ။ ၎င်း Wired Base တို့ Wireless တို့ထဲကမှလည်း Internet Connection တွေကအမျိုးမျိုးကွဲထွက်ပါသေးတယ်။

 

ဒါကြောင့် ၎င်း Internet Connection နဲ့ပက်သတ်ပြီး အမျိုးအစားတွေအကြောင်းနဲ့ သူတို့ရဲ့ Internet Speed တွေအကြောင်းကို ပြောပြချင်ပါတယ်။ ဆက်လက်ဖတ်ရှုလိုက်ပါနော်။

 

DSL ( Digital Subscriber Line)

 

 

DSL လို့ခေါ်တဲ့Digital Subscriber Line ဟာဆိုရင်ဖြင့် ကျယ်ပြန့်စွာ အသုံးများသော Internet Connection တစ်ခုပဲဖြစ်ပါတယ်။

DSL Connection ဟာဆိုရင် ကျွန်တော်တို့ အသုံးပြုတဲ့ Phone Line ကို အသုံးပြုတဲ့ Dial-up Connection ထက်Speed ပိုမြန်မာတယ်။ DSL Service မှာဆိုရင် ADSL, ADSL2 (or) ADSL2+ ဆိုပြီး ၇ှိပါတယ်။ DSL ဟာ High -Speed Connection ဖြစ်ပြီးတော့ ပုံမှန် Telephone Line ကဲ့သို့ပင် တူညီတဲ့ တယ်လီဖုန်းကြိုးကိုပဲအသုံးပြုတာပါ။

Internet ချိတ်ဆက်တဲ့ အခါ DSL ကို အသုံးပြုမယ်ဆို၇င်တော့ မိမိ Local Network (or) မိမိ PC နဲ့ Internetချိတ်ဆက်ဖို့ အတွက် DSLModem လိုအပ်ပါတယ်။ နောက်ပြီး မိမိရဲ့ Phone Line ကိုလည်း DSL (Digital Subscriber Line) အဖြစ်အသုံးပြုဖို့ အတွက် သက်ဆိုင်ရာ ဌာနကိုလည်းလျှောက်လွှာတင်သွင်းရပါမယ်။

DSL Speed ကို Bandwidth နဲ့ဖော်ပြပါတယ်။ DSL ရဲ့ Speed ကတော့ 128 kbps ကနေ 3Mbps အတွင်းကြားမှာ ရရှိနိုင်ပါတယ်။ ဒါပေမယ့် DSL Speed ဟာ မိမိက Network ကိုဘယ်လို အသုံးပြုသလဲ မှုတည်ပြီးလည်းပြောင်းလဲနိုင်ပါတယ်။ DSL ရဲ့ Download Speed ကတော့အများဆုံး 1.5 Mbps အထိရနိုင်ပြီးUpload Speed ကတော့ 128 Kbps အထိ ရနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ DSL Connection Type အကြောင်းနားလည်လိမ့်မယ်ထင်ပါတယ်နော်။

 

DSL ရဲ့ကောင်းတဲ့ အချက်တွေကတော့

1. မိမိ က Internet Connection ကို အသုံးပြုနေသည့်တိုင်အောင် Voice calls အတွက်လည်း Phone Line ကိုအသုံးပြုလို့ရပါတယ်။

2. ပုံမှန် Dial up Connection ထက် Speed ပိုမြန်ပါတယ်။

3. DSL ကိုသုံးမယ်ဆိုရင်တော့ နောက်ထပ် New Wiring တွေမလိုအပ်ပဲ ရှိပြီးသား Phone Line ကို

အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက တော့ဗျာ....နောက်ထပ် Wire ကြိုးတွေထပ်ရိုက်စရာမလိုဘူး အိမ်မှာအသုံးပြုနေတဲ့ Phone နဲ့ပဲ အသုံးပြုလို့ရတယ်။

 

မကောင်းတဲ့ အချက်တွေကတော့

1. DSL Connection ဟာ Providerရဲ့ Central Office နဲ့ အနီးဆုံးလူဟာ ပိုပြီး Connection

ကောင်းကောင်းရပါတယ်။ Central Office နဲ့ဝေးလေလေ Connection ကညံ့လေလေ ဖြစ်ပါတယ်။

2. Connection ဟာ Internet ပေါ်မှာ Data တွေကိုလက်ခံရရှိခြင်းက ပေးပို့ခြင်း ထက်ပိုမြန်ပါတယ်။

3. ဒီ DSL Service က နေရာတိုင်းမှာ မရှိပါဘူး။ ဥပမာ တယ်လီဖုန်းမရောက်နိုင်တဲ့ မရောက်သေးတဲ့ဒေသတွေမှာ ဒီ Service ကိုမရရှိနိုင်ပါဘူး။

 

Cable - Cable Modem Internet

Cable Modem connection ဟာ DSL နဲ့ဆင်တူပါတယ်။ သူဟာ Broadband Internet Connectionအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Cable Modem Internet ဟာ Telephone Line ထက်ပိုကောင်းတဲ့ TelevisionConduits (Medium) ကို အသုံးပြုပါတယ်။ ဒါပေမယ့် DSL Internet Connection ကို Share ပေးသုံးတဲ့ Broadband Router နဲ့ပဲ အလုပ်လုပ်တာပါ။

 

Dial-up Internet

Dial - up Connection ဆိုတာကတော့ မိမိအိမ်မှာ ကြိုးဖုန်း Line ရှိတယ် ဆိုရင်၊ နောက် Modem ၇ှိတယ်ဆို၇င်ပဲ Internet ချိတ်ဆက်လို့ရပါပြီ။ အော် Computerတော့ရှိရမှာပေါ့နော်။ Dial-up Connection ဟာ ကုန်ကျစရိတ်နည်းပြီး Connection Speed အလွန်နှေးပါတယ်။Dial-up Connection ရဲ့ Speed ကတော့ 56kbps အထိပဲရရှိနိုင်ပါတယ်။

 

ISDN

ISDN ဆိုတာကတော့ Integrated Services Digital Network ကိုဆိုလိုတာပါ။ ISDN Internet ကိုတော့DSL Internet တွေ ကျယ်ကျယ်ပြန့်ပြန့် မသုံး ခင် အချိန်က DSL ကိုစောင့်နေကြတဲ့ Customers တွေအများကြီးအသုံးပြုခဲ့ကြပါတယ်။ ISDN ကလည်း DSL ကဲ့သို့ Telephone Line ပေါ်မှာအလုပ်လုပ်ပြီး Voice နဲ့ DataTraffic တွေကို တစ်ပြိုင်တည်း Support လုပ်နိုင်ပါတယ်။ ဒါ့အပြင် ISDN ဟာ Dial-up ထက် Connection Speed 2 ဆ 3 ဆပိုမြန်ပါတယ်။ ဒါပေမယ့် ISDN ဟာ ကုန်ကျစရိတ်သိသိသာသာများတဲ့ အတွက် DSL မရနိုင်တဲ့ နေရာတွေ မှာပဲ အသုံးပြုပါတော့တယ်။

 

Satellite Internet

Satellite Internet ကိုတော့ Enterprise Level တွေမှာပဲ အသုံးပြုကြပါတယ်။ အိမ်ထဲမှာ Exterior-MountedMini-Dish တွေ၊ Proprietary Digital Modem တွေနဲ့အတူ Internet Connection တွေကို Satellite TelevisionService တွေကဲ့သို့ Satellite Link တွေပေါ်မှာတည်ဆောက်ကြရပါတယ်။ Satellite Modem တွေဟာBroadband Routers တွေနဲ့အလုပ်မလုပ်ပါဘူး။ ၎င်းအပြင် VPN ကဲ့သို့ Online Service တွေ၊ Online Gamesတွေနဲ့လည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။

 

Cellular Internet

Mobile Internet Connections တွေကို Digital Cell Phones တွေပေါ်မှာ ပြုလုပ်ပါတယ်။ ဒါပေမယ့် သူကအကုန်အကျ အရမ်းများတဲ့အတွက် Cellular Network တွေကို အရေးပေါ်အတွက်ပဲ အသုံးပြုကြပါတယ်။

 

Wireless Broadband Connection WiMax Technology ဟာ High-Speed Wireless Internet

အမျိုးအစားဖြစ်ပါတယ်။ WiMax နည်းပညာဟာ IEEE 802.16 WAN Communication Standard ကိုအခြေခံထားခြင်း ဖြစ်ပါတယ်။ WiMax Signal တွေဟာ အကွာအဝေး Several Miles/Kilometers အထိဆောင်ရွက်ပေးနိုင်ပါတယ်။ WiMax ရဲ့ Data Rate ကလည်း 75 Mb/s အထိရောက်နိုင်ပါတယ်။ Wireless Signaling Option ကလည်း 2GHz ကနေ 66GHz အထိ တည်ရှိနိုင်ပါတယ်။

 

WiMax Equipments တွေဟာ ပုံစံနှစ်မျိုးနဲ့ တည်ရှိပါတယ်။ WiMax Base Station က WiMax Antennasတွေ အားလုံးဆီ Signal တွေအားလုံး ဆုံဆည်းရာ တစ်နေရာတည်းမှာတည်ရှိတဲ့ Service Provider မှာ ထားရှိရပါတယ်။ WiMax Antennas တွေကိုတော့ Internet Connection အသုံးပြုချင်တဲ့ အိမ်တို့၊ ရုံးတို့မှာထားရှိရပါတယ်။ ဆိုလိုတာကတော့ဗျာ WiMax Antenna တွေနဲ့ WiMax Base Station နဲ့ ချိတ်ဆက်လို့ Connection ရခြင်းအားဖြင့် အိမ်(သို့) ရုံးတွေမှာ Internet Connection ကို ရရှိခြင်းဖြစ်ပါတယ်။

 

Credit; Original writer

Read times
Rate this item
(1 Vote)