ဖုန်း အသံ Volume ခလုတ်နဲ့ Power အဖွင့်အပိတ် လုပ်မယ်...

ဖုန်း အသံ Volume ခလုတ်နဲ့ Power အဖွင့်အပိတ် လုပ်မယ်... google

Android ဖုန်းတွေမှာ ဖုန်း Screen unlock ကို volume ခလုတ်ဖြစ်တဲ့ အသံအတိုးအကျယ်ခလုတ်ကို သုံးပြီး အဖွင့်အပိတ် Unlock လုပ်တဲ့နည်းလေးကို ဖော်ပြပေးပါမယ်။

ဒီနည်းက ဖုန်းရဲ့ ပါဝါခလုတ်ကို အဖွင့်အပိတ်လုပ်သုံးတာများလို့ ပါဝါခလုတ် ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ ဖုန်းတွေအတွက် အသုံးဝင်လှတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းလေးက Third party app ကိုသုံးပြီး လုပ်တာဖြစ်ပေမယ့် မိမိဖုန်းက Root မလုပ်ထားလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ Android version ကတော့ v4.1 နဲ့ အထက်ရှိမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Read More : 6G ကွန်ရက် ဖန်တီးဖို့ တရုတ်ကြံစည်နေ

အရင်ဆုံး ဖုန်းထဲကို လိုအပ်တဲ့ App ထည့်သွင်းဖို့ အတွက် PlayStore ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ပြီးရင်တော့ Search အကွက်ထဲမှာ volume unlock ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အခုလိုမျိုး ပေါ်လာမှာဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း icon နဲ့တွဲလျက် စာသားကို ရွေးပေးလိုက်ပါ။


ဒါဆိုရင်တော့ App ကို Install လုပ်ဖို့ပေါ်လာမှာဖြစ်ပြီး INSTALL ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။


Install
လုပ်တာကို ခဏစောင့်ပေးလိုက်ပါ။ ပြီးရင်တော့ ဖုန်းမှာ အခုလိုမျိုး App icon ကို ရှာပြီး ထပ်ဖွင့်ပါ။


ဒါဆိုရင်တော့ အခုလိုမျိုး ပေါ်လာမှာဖြစ်ပြီး အပေါ်နားက Enable/Disable Screen wake ဆိုတဲ့ စာသားဘေးနားက အကွက်ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သူ့အောက်နားက DISABLED ဆိုတဲ့ စာသားကနေ ENABLED ဆိုပြီးပြောင်းသွားပါမယ်။ ပြီးရင်တော့ Use volume key to lock ဆိုတဲ့ စာသားဘေးက ခလုတ်လေးကို တစ်ချက်ထပ်နှိပ်ပေးပါ။


Use volume key to lock
ဆိုတဲ့စာသားဘေးက ခလုတ်လေးကို နှိပ်လိုက်ရင်တော့ Activate လုပ်ဖို့ ပေါ်လာမှာဖြစ်ပြီး ဘယ်ဘက် screen အောက်ထောင့်နားက Activate ဆိုတဲ့ စာသားကို နှိပ်ပါ။

Activate နှိပ်လိုက်ရင်တော့ ခုလိုမျိုး စာသားပေါ်လာမှာဖြစ်ပြီး ဖုန်း screen unlock ကို အသံ အတိုးအကျယ်ခလုတ်နှိပ်ကာ အဖွင့်အပိတ်လုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဖုန်း screen unlock ကို volume ခလုတ်ကို တစ်ချက်နှိပ် ကာ unlock လုပ်နိုင်မှာဖြစ်ပြီး နှစ်ချက်နှိပ်မယ်ဆိုရင်တော့ lock ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။

Source: internet journal

Read times
Rate this item
(0 votes)