Android မှာ SD card ကို internal သုံးဖို့ရအောင် ဘယ်လိုလုပ်မလဲ..?

Android မှာ SD card ကို internal သုံးဖို့ရအောင် ဘယ်လိုလုပ်မလဲ..? google

ကိုယ့်ရဲ့ ဖုန်းက apps တွေကို micro SD ကတ်ထဲကို ပို့ဖို့အတွက် အဆင်မပြေဘူးဆိုရင်တော့ ခုဖော်ပြမယ့် နည်းလမ်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိရဲ့ Internal storage ထဲမှာ သွင်းထားတဲ့ app နဲ့ ဂိမ်းတွေကြောင့် ဖုန်းကပြည့်ပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်မရတာ အဲဒါမျိုးဖြစ်ရင်လည်း ခုနည်းလမ်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်နိုင်မယ့် နည်းလမ်းကို Android Marshmallow မှာ စပြီး ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ခုလိုမျိုး micro SD ကတ်ကို Internal Storage အနေနဲ့ ပြင်ဆင် သတ်မှတ်ထားလိုက်မယ်ဆိုရင် မိမိ အနေနဲ့ Internal Storage ထဲက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြား download အချက်အလက်တွေကို သီးသန့်အနေနဲ့ SD ကတ်ထဲကို ရွှေ့ပြောင်းပေးစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းထဲက Settings icon ကို နှိပ်လိုက်ပါ။

Settings စနစ်ထဲကိုရောက်ရင်တော့ Storage ဆိုတာကို ထပ်နှိပ်ပါ။


ပြီးရင်တော့ SD card ကို ရွေးလိုက်ပါ။


SD ကတ်စနစ်ထဲကို ရောက်ရင်တော့ ပုံမှာပြထားသလို မြင်ကွင်းညာဘက်အပေါ်ထောင့်နားက အစက် ၃ ခု ဆင့်ထား တဲ့ menu icon ကို တစ်ချက်နှိပ်လိုက်ပါ။


ပြီးရင်တော့ ပေါ်လာတဲ့အကွက်ထဲက Storage settings ကို ရွေးလိုက်ပါ။


Storage စနစ်ထဲကိုရောက်ရင်တော့ Format as Internal ဆိုတာကို ရွေးလိုက်ပါ။


ပြီးရင်တော့ Tap Erase & Format ဆိုတာကို ရွေးလိုက်ပါ။

အောက်ကပုံထဲက အတိုင်း Tap Move now ကို ရွေးချယ်ပေးလိုက်ပါ။

ပြီးရင်တော့ နောက်ဆုံး Done ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ပိုင်းဖုန်းကနေ ရိုက်ကူးသမျှ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ download ပြု လုပ်သမျှတွေကို ဖုန်းရဲ့ Internal storage ထဲမှာ မသိမ်းတော့ဘဲ SD ထဲမှာ သွားရောက်သိမ်းဆည်းတော့မှာ ဖြစ်ပါတယ်။


Source: internet

Read 418 times
Rate this item
(0 votes)