သိထားသင့်တဲ့ အသုံးဝင်တဲ့ Tips များ

သိထားသင့်တဲ့ အသုံးဝင်တဲ့ Tips များ google.com

ဘယ်အချိန် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို

ပိုပြီးရိုးရှင်းလွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တဲ့ သိလည်းသိထားသင့်တဲ့ နည်းပညာ hacks လေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

- Google ကနေလည်း Timer ပေးလို့ရပါတယ်။ Google ကိုသွားပြီး search bar မှာ “Set Timer (x) Minutes” လို့ရိုက်လိုက်ရင် ရပါပြီ။

 

- ကွန်ပျူတာနဲ့ browser သုံးတဲ့အခါ မတော်တဆများဖွင့်ထားတဲ့ tabs တွေကို ပိတ်မိလိုက်တယ်ဆိုရင် [Ctrl + Shift + T] ဆိုတဲ့ shortcut ကိုသုံးပြီး ပြန်ဖွင့်လိုက်ရင်ရပါတယ်။

 

- ဖုန်းရဲ့ဘက်ထရီကလည်း တကယ်ကိုနည်းနေပြီ သုံးဖို့ကလည်းလိုနေတယ်ဆိုရင် မပိတ်ဘဲ “Airplane Mode” ကိုပဲဖွင့်လိုက်ပါ။

 

- FutureMe.org က ကိုယ်ကနေ အနာဂတ်မှာရှိနေမယ့်ကိုယ့်ဆီစာပေးပို့ပေးလို့ရမှာဖြစ်ပါတယ်။

 

- ကိုယ့်ကွန်ပျူတာက YouTube လို ဆိုဒ်တွေကိုပိတ်ထားတယ်ဆိုရင် Google Chrome ရဲ့ Incognito Mode ကနေဝင်ပြီး access လုပ်လို့ရပါတယ်။

 

- ဟိုတယ်မှာရောက်နေချိန် ဖုန်းကလည်းအားကုန်နေပြီဆိုရင် TV တွေမှာ USB Plugin တွေရှိတာမမေ့လိုက်ပါနဲ့။

 

- IPad Charger နဲ့ iPhone တွေကိုအားသွင်းရင် ပိုမြန်ပါတယ်။

 

- “PDF” ဖိုင်တစ်ခုဒေါင်းလိုက်ပြီး နောက်မှာ “exe” ဆိုတဲ့ extension လေးကိုတွေ့ရင် ဖိုင်ကိုဖျက်ပစ်လိုက်ပါ။ သူကအမြဲတမ်းဗိုင်းရပ်စ်အနေနဲ့ဝင်လာတတ်လို့ပါပဲ။

 

- YouTube ကနေ ဗီဒီယိုတစ်ခုဒေါင်းချင်တယ်ဆိုရင် www. နဲ့ YouTube Video URL ကြားမှာ “ss” ဆိုတာလေး ရိုက်ထည့်ပေးလိုက်ရင် ဒေါင်းလို့ရပါပြီ။

 

- ဘက်ထရီတွေကို ရေခဲသေတ္တာထဲမှာသိမ်းတာ ဘက်ထရီသက်တမ်းကို ၂ဆပိုခံစေပါတယ်။

 

- အွန်လိုင်းကနေ ဈေးအပေါဆုံးလေယာဉ်လတ်မှတ်တွေကိုဝယ်ချင်တယ်ဆိုရင် Browser ရဲ့ Incognito Mode ကိုသုံးပါ။ ဆိုဒ်တစ်ခုကို အကြိမ်များစွာဝင်ဖူးတယ်ဆိုရင် ဈေးတွေတက်တတ်လို့ပါ။

 

- IPad/ iPhone က သီချင်းတွေအကုန်လုံးကို ကွန်ပျူတာထဲကိုပြောင်းချင်တယ်ဆိုရင် DeTune ဆိုတဲ့ပရိုဂရမ်ကိုသုံးပါ။

 

- ကျောင်းစာစီစာကုံးတွေအတွက် အချက်အလက်တွေရှာချင်ရင် Google.com ကိုမသုံးဘဲ Scholar.google.com ကိုပဲသုံးပါ။ သူကပိုသင့်တော်တဲ့အချက်အလက်တွေပေးပါလိမ့်မယ်။

 

- အိမ်ထဲမှာကိုယ့်ဖုန်းကိုဘယ်နားထားမိမှန်းမသိ vibration mode လည်းထားထားမိတယ်ဆိုရင် Google ကိုသွား Google အကောင့်ကို Sign Up လုပ်ပြီး Google Play > Android Device Manager > “Ring” လုပ်ပေးလိုက်ရင်ရပါပြီ။

 

- ဒီအချက်လေးတွေက နည်းပညာနဲ့ထိတွေ့နေရတဲ့လူတွေအတွက် အနည်းနဲ့အများတော့ အသုံးဝင်ပါလိမ့်မယ်။

Digital Times

Myanmar ICT Guide

Read 225 times
Rate this item
(1 Vote)