Task Manager အကြောင်းတစေ့တစောင်း

Task Manager အကြောင်းတစေ့တစောင်း google.com
Task Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာပါ။
Windows Version အမြင့်ပိုင်းတွေမှာပါလာတဲ့ Task Manager မှာ ပိုပြည့်စုံတဲ့ Features တွေရှိပါတယ်။ IP လိပ်စာ၊ MAC Address တွေကို အလွယ်တကူကြည့်လို့ ရတယ်။ ကွန်ပျူတာအသုံးပြုနေတဲ့ Usage Graphs တွေ ကြည့်လို့ ရတယ် စသည်ဖြင့်ပိုကောင်းလာတဲ့ Features တွေပါဝင်ပါတယ်။
 
Task Manager ကိုဘယ်လိုဖွင့်မလဲ။ 
အလွယ်ဆုံးနည်းက Run box မှာ taskmgr လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Ctrl+Alt+Del ကိုတွဲနှိပ်ပြီးဖွင့်လို့ ရသလို Windows Task bar ကို Right Click ထောက်ပြီး Task Manager ကို ဖွင့်နိုင်ပါတယ်။Search box မှာ Task Manager လို့ ရိုက်ရှာလိုက်ရင်လည်းရပါတယ်။ တစ်ခြားဖွင့်နည်းတွေလည်း ရှိပါသေးတယ်။
 
Task Manager ကို စဖွင့်ဖွင့်ချင်းမှာTask Manager ရဲ့ Default ကတော့ လက်ရှိ Run လုပ်နေတဲ့ Programs,Apps တွေ အစဉ်လိုက်တွေ့ မှာဖြစ်ပါတယ်။ အောက်က More Details ကိုနှိပ်လိုက်ရင် စက်ထဲမှာ ဘာတွေ အလုပ်လုပ်နေလဲ အကုန်လုံးကို အသေးစိပ် မြင်ရမယ်။ Run နေတဲ့ Program,App တစ်ခုရဲ့ ဘေးမှာ Expand မြှားလေးပါရင်ထပ်ချဲ့ ကြည့်လိုက်ပါ။ အဲ့ဒီ Program,App မှာ နောက်ထပ် Run လုပ်နေတဲ့ Processes တွေကို မြင်ရပါမယ်။
 
တကယ်လို့ များ Program တစ်ခုက သုံးနေရင်းနဲ့ ဟန်းသွားရင် အဲ့ဒီ Program ကို Right Click နှိပ်ပြီး End Task နဲ့ ပိတ်လိုက်လို့ ရတယ်။ ဒါပေမယ့် Microsoft Corportation,Explorer,System စသည့် စက် System ပိုင်းဆိုင်ရာတွေကိုတော့ End Task မလုပ်မိစေနဲ့ ။ App တစ်ခုကို Right Click နှိပ်ပြီး Expand, End Task, Resource Value, Debug စသည်ဖြင့် ပြောစရာတွေ ကျန်ပါသေးတယ်။ မလိုအပ်ဘူးထင်လို့ မပြောတော့ပါဘူး။ ကိုယ်တိုင် ဝင်ကြည့်လို့ ရတယ်။ Type အောက်မှာ Run လုပ်နေတဲ့ Program,App တွေကို Apps,Background နဲ့ Windows System ဆိုပြီး Processes သုံးခုပိုင်းခြားထားပါတယ်။ တကယ်လို့ Program တစ်ခုက ဘယ်လို Type မှန်းမသိရင် အဲ့ဒီ Program ကို Right Click နှိပ်ပြီး Search Online နဲ့ ရှာနိုင်ပါတယ်။
 
Performance အောက်မှာ System Information တွေကို Graphs နဲ့ ပြထားတာတွေ့ ရမယ်။ CPU,RAM,Disk,အင်တာနက်စတာတွေဘယ်လောက်ထိ အလုပ်လုပ်နေလဲ၊ ဘယ်လောက်အမြန်နှုန်းနဲ့ အလုပ်လုပ်နေလဲ အကုန်အသေးစိပ်မြင်ရမယ်။ စက်ရဲ့ IP Address ကို အင်တာနက် Settings မှာ အဆင့်ဆင့်ဝင်ပြီးမကြည့်ချင်ဘူးဆိုရင် Task Manager ရဲ့  Wifi or Ethernet မှာ သွားကြည့်နိုင်ပါတယ်။ အောက်ဆုံးက Open Resource Monitor ကိုဖွင့်လိုက်ရင် Task Manager ထက် ပိုပြည့်စုံတဲ့ Information အသေးစိပ်ကို မြင်ရမယ်။
 
အပေါ်မှာ ပြောခဲ့တဲ့ Processes မှာတော့ လက်ရိုသုံးနေတဲ့ Processes Usage တွေကိုသာ ပြပါတယ်။
 
App History မှာတော့ App တစ်ခုစီမှာ CPU က ဘယ်လောက်ထိကြာကြာသုံးနေသလဲ။ Network Bandwidth က ဘယ်လောက်ထိ သုံးနေသလဲ စသည်ဖြင့် အကုန်ကြည့်လို့ ရတယ်။
 
Startup Tab မှာတော့ စက်စတက်တက်ချင်း ဖွင့်လာတဲ့ Program တွေကို Enable လုပ်ထားတာတွေ့ ရမယ်။ အဲ့ဒီလို မဖွင့်စေချင်ရင်၊ စက်တက်တာအရမ်းကြာနေရင် Starup ထဲက Program အကုန်လုံးကို Disable လုပ်ထားနိုင်ပါတယ်။ အပြီးတိုင် ဖျက်လိုက်တာမဟုတ်လို့ စိတ်ချလက်ချက် Disable လုပ်ထားနိုင်ပါတယ်။ ကွန်ပျူတာစတက်တက်ချင်း ကိုယ်ဖွင့်စေချင်တဲ့ Program ကို Automatically ပြန်ဖွင့်စေချင်ရင်Disable လုပ်ထားတာကို Enable လုပ်ထားနိုင်ပါတယ်။ ကိုယ်ဖွင့်စေချင်တဲ့ Program ရဲ့ Location ထဲဝင်။ Software name.exe ကို Copy ကူးပြီး Run box မှာ shell:startup ကိုရိုက်ထည့်၊ အဲ့အောက်မှာ ခုနကကူးခဲ့တဲ့ setup.exe ကို Paste ချထားလိုက်ပါ။
 
Users Tab အောက်မှာတော့ မိမိစက်မှာ ဘယ်နှစ်ယောက်အသုံးပြုနေလဲ၊ ကိုယ်မသိပဲတစ်ခြားတစ်ယောက်က ခိုးသုံးနေလား ကြည့်လို့ ရတယ်။ အခု Login ဝင်သုံးနေတဲ့ User ရဲ့  CPU,RAM,Disk,Network Usage တွေကိုလည်းကြည့်လို့ ရတယ်။
 
Details Tab မှာတော့ စက်ထဲမှာ Run တွေရဲ့ အသေးစိပ်တွေကိုတွေ့ ရမယ်။ Program တစ်ခုကို Right Click နှိပ်ပြီး Set Priority မှာ ဒီ Program ကို သာမန်အနေဖြင့် အလုပ်လုပ်စေလိုသလား၊မြန်စေချင်သလား၊နှေးစေချင်သလား ကြိုက်သလို သတ်မှတ်ပေးလို့ ရတယ်။ သင့်စက်က CPU တစ်လုံးထက်ပိုပြီး အလုပ်လုပ်နိုင်ရင်တော့ Set Affinity ကိုနှိပ်ပြီး ဘယ် CPU မှာ ဒီ Program ကို အလုပ်လုပ်စေလိုသလဲ ရွေးပေးလို့ ရတယ်။ အောက်ကမလိုအပ်တဲ့ဟာတွေတော့မရေးတော့ပါ။
 
Services Tab မှာတော့ Program တစ်ခုရဲ့ Services ကို Stop, Run, Restart လုပ်လို့ ရတယ်။ Open Services ကို နှိပ်လိုက်ရင် Control Panel ထဲက Services ထဲကို ရောက်သွားမှာပါ။ အသုံးပြုနေတဲ့ Program တစ်ခုက ဟန်းသွားရင် ဒီ Services ထဲဝင်ပြီး Stop လုပ်ပြီး Restart လုပ်ပေးနိုင်တယ်။အသုံးပြုဖို့ မလိုအပ်တဲ့ Program တွေရဲ့  Services ကို Stop လုပ်ထားလိုက်လို့ ရတယ်။ ကိုယ်ပြန်သုံးချင်တဲ့အချိန်မှ ပြန်ပြီး Restart လုပ်နိုင်ပါတယ်။စက်ရဲ့ System ပိုင်းဆိုင်ရာ Services တွေကိုတော့ Stop မလုပ်မိပါစေနဲ့။
 
အခုဖော်ပြပေးခဲ့တာတွေကတော့ Task Manager အကြောင်းအနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ Task Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာပါ။
 
NetComplus
Read times
Rate this item
(1 Vote)