Harddisk ကျန်းမာရေးကောင်းမွန်စေဖို့

Harddisk ကျန်းမာရေးကောင်းမွန်စေဖို့ google.com
ကွန်ပျူတာတွေမှာထည့်ထားသမျှ Data တွေကို အဓိကသိမ်းဆည်းထားတဲ့ Harddisk (HDD) ကို
ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ HDDထဲမှာ သိမ်းထားသမျှ Data တွေဟာ Harddisk ရဲ့  Sector ဆိုတဲ့ အပိုင်း၊အခန်းလေးတွေမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။
 
ကွန်ပျူတာကို အသုံးပြုတာကြာလာလို့ အပူတွေတက်လာတဲ့အချိန်၊အကြောင်းတစ်ခုခုကြောင့် Data သိမ်းဆည်းလို့မရတော့တဲ့အပိုင်းများ(bad sector) ဖြစ်သွားတတ်ပါတယ်။HDD မှာ Bad Sector တွေ များလာပြီဆိုရင်တော့HDD ကျန်းမာရေးအခြေအနေသိပ်မကောင်းဖြစ်လာတတ်ပြီး နောက်ဆုံး Data တွေဆုံးရှုံးပျက်စီးသွားတတ်ပါတယ်။ HDD Space တွေနေရာလွတ်မကျန်တာတွေဖြစ်သွားတတ်ပါတယ်။ကွန်ပျူတာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် HDD ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
 
HDD Bad Sector တွေနဲ့ တစ်ခြား HDD Errorတွေကို စစ်ဆေးချင်တယ်၊ပြဿနာဖြစ်နေရင်ပြန်လည်ကောင်းမွန်လာအောင်ပြုလုပ်ချင်တယ်ဆိုရင် Cmd ကို Admin Right နဲ့ ဖွင့်လိုက်ပါ။ Cmd မှာ chkdsk ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။ HDD Partition Size များရင် များသလောက် စစ်ဆေးတဲ့ အချိန်ကြာနိုင်ပါတယ်။ chkdsk Command က HDD Partition အားလုံးကိုစစ်ဆေးပေးသွားမှာပါ။ တကယ်လို့ Partitonတစ်ပိုင်းတည်းကိုပဲ စစ်ဆေးချင်တယ်ဆိုရင်chkdsk D:\ စသည်ဖြင့် ရိုက်ထည့်ပေးရမယ်။
 
ပြဿနာဖြစ်နေတဲ့ အပိုင်း၊ bad Sector ကိုစစ်ဆေးတဲ့အချိန်မှာ တစ်ခါတည်း ပြန်လည်ပြုပြင်စေလိုတယ်ဆိုရင် chkdsk /f ကို ရိုက်ထည့်ပေးရပါမယ်။ /f ဆိုတာက HDD ရဲ့ Error များကို Fix လုပ်၊ပြုပြင်ပေးတာကိုဆိုလိုပါတယ်။ chkdsk d: /f /r /x နဲ့ လည်းစစ်ဆေးနိုင်ပါတယ်။ကွန်ပျူတာအသုံးပြုနေတဲ့အချိန်တွေမှာ နောက်ကွယ်ကနေ HDD ရဲ့  ကျန်းမာရေးကို စစ်ဆေးပေးနေစေချင်ရင်Smart Report နဲ့ စစ်ဆေးပေးနိုင်တယ်။ Smart Report ဆိုတာက (Self Monitoring Anaysis Reporting Tool) လို့ ခေါ်ပါတယ်။ကွန်ပျူတာအသစ်၊ HDD အသစ်ဝယ်ယူတဲ့အခါတွေမှာလည်း ဒီ Smart Report နဲ့ စစ်ဆေးပေးပြီးမှ ဝယ်ယူသင့်ပါတယ်။
 
Smart Report နဲ့  HDD ကျန်းမာရေးစစ်ဆေးချင်ရင် cmd မှာ အောက်ပါcommand ကို ရိုက်ထည့်လိုက်ပါ။
wmic diskdrive get statusStatus က OK ဆိုရင် HDD ကျန်းမာရေးအခြေနေကောင်းပါတယ်။
 
NetComplus
Read times
Rate this item
(1 Vote)