Camera တစ်လုံးဝယ်ယူပြီးတဲ့အခါ ဘာ Equipment တွေဆက်ဝယ်သင့်လဲ

Camera တစ်လုံးဝယ်ယူပြီးတဲ့အခါ ဘာ Equipment တွေဆက်ဝယ်သင့်လဲ google.com
Video ရိုက်ကူးရေး အလုပ်ကိုလုပ်တော့မယ်ဆိုသူတွေအတွက် Camera ဝယ်ယူပြီးတာနဲ့ တစ်ခါတည်း
ဆက်ဝယ်ယူသင့်သည့် Equipment များအကြောင်းပြောပြမှာ ဖြစ်ပါတယ်။ ဒီအရာတွေက တစ်ကယ်ရိုက်ကူးရေး လုပ်ငန်းတစ်ခုအတွက် အခြေခံအနေနဲ့ မရှိ မဖြစ်ကို လိုအပ်တဲ့အရာတွေ ဖြစ်မှာပါ။ များသောအားဖြင့်တော့ ကျွန်တော်တို့ က လိုအပ်မှ သွားဝယ်လိုက်ကြပေမယ့် တစ်ခါတစ်လေကျတော့ အဆင်မပြေတာတွေ ဖြစ်တတ်တာကြောင့် ကြည့်ပြီး ပြင်ဆင်ဝယ်ယူထားတာ အကောင်းဆုံးဖြစ်မှာပါ။ တစ်ခုတော့ ရှိတာက ဒါက Overall ကို Generalize လုပ်ပြီး ရေးထားတာဖြစ်ပါတယ်။ ကိုယ့်အလုပ်ပုံစံပေါ်မူတည်ပြီး တစ်ချို့အရာတွေ ကတော့ ကွာသွားနိုင်ပါတယ်။
 
Tripod
Camera ဝယ်ပြီးရင် နောက်တစ်ခု ဝယ်ကိုဝယ်ရမှာကတော့ Tripod ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရိုက်ကူးရေးဆိုတာ အမြဲတမ်းလက်နဲ့ကိုင်ရိုက်နေလို့ရတဲ့ အရာမဟုတ်တာကြောင့် Camera ကို lock down လုပ်တာတွေ Camera Movement တွေဖြစ်တဲ့ Pan , Tilt တွေအတွက် tripod လိုအပ်ပါတယ်။ Tripod ကတော့ 2သိန်း 3သိန်းကနေ သိန်းနှစ်ဆယ် သုံးဆယ်ကျော်ထိ ရှိပါတယ်။ ခိုင်ခံမှုတွေ Function တွေ ကွာနိုင်ပါတယ်။ နောက်ပြီးအရေးကြီးဆုံး ကတော့ Camera Movement လုပ်တဲ့အခါ လှုပ်ရှားမှုတွေကို Smooth ဖြစ်ပြီးရဖို့ပါ။ Fluid Head ကောင်းဖို့ရယ် Locking Function တွေ ကောင်းဖို့ရယ် အရေးကြီးဆုံးကတော့ Tripod ဟာ ဘယ်လောက်ထိ နှိမ့်လို့ရလဲဆိုတာလဲ ပါပါတယ်။
 
ဒီအတွက်ကတော့ ဈေးနှုန်းက စကားပြောပါတယ်။ ဈေးနည်းတဲ့ Tripod တွေဟာ Camera Movement လုပ်တဲ့အချိန်မှာ တော်တော်ပြဿနာပေးပါတယ်။ ထစ်သွားတာတွေ ဆွဲလာသလောက်ပါမလာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Tripod ဟာ ဈေးကြီးပေးဝယ်ရတန်တဲ့ ဝယ်သင့်တဲ့ Equipment ဖြစ်ပါတယ်။ နောက်ပြီး Video အတွက် Tripod တွေက Fluid Head လို့ခေါ်တဲ့ Head တွေနဲ့ပါ။ Tripod အတွက်ကတော့ 3 သိန်း 4 သိန်း ပါတ်ချာလည် လေးတွေက သုံးရမဆိုးလှပါ။
 
Audio
နောက်တစ်ခုကတော့ Audio ပါ။ Audio က Camera သမားတွေအတွက် တစ်ကယ့် ပြဿနာပါ။ Audio ကို စဉ်းစားတဲ့ အချိန်မှာ အသံဝင်သွားမယ့် Capture Device ရယ် အဲ့ဒီအသံ ကို ဖမ်းယူမယ့် Mic ရယ် ခွဲတွေးလို့ရပါတယ်။ ဒါပေမယ့် Capture Device တော်တော်များများ ကတော့ Mic မပါလဲ သူတို့ကိုယ်တိုင် Mic အဖြစ် ပြန်နေတာတွေလဲရှိပါတယ်။ Zoom H1 တို့ H4 တို့ H4n တို့စတာတွေပါ။ ဒီကောင်လေးတွေကတော့ Starter တွေရော Medium Size Production တွေအတွက်ပါ သုံးရတော်တော်အဆင်ပြေပါတယ်။
 
Mic Input တွေနဲ့ Mic သက်သက် တွဲသုံးလို့လဲရပါတယ်။ Capture Device ကို Camera လုပ်ပြီး Mic ပဲ ထပ်ဝယ်ပြီး လုပ်လဲရပေမယ့် အသံဟာ Camera မှာ သွားချိတ်ထားရင် Camera ပေါ်က ထွက်ရှိသမျှအသံတွေပါ ဖမ်းမှာကို သတိထားရပါမယ်။ နောက်ပြီး Camera လှုပ်ရင် Audio Connection တွေ ပြုတ်ထွက်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ Lavalier ပါ။ သူကတော့ Record လုပ်မယ့်သူဆီမှာ တစ်ခုနောက်တစ်ခုက Camera ကို Wireless နဲ့သွားပြီး Camera ထဲ တစ်ခါတည်း Record လုပ်တာမျိုးလဲရှိပါတယ်။
ကိုယ်ရိုက်နေတဲ့အမျိုးအစားကို မူတည်ပါတယ်။ Audio Unit ကတော့ အလယ်အလတ် တန်းကို 5 သိန်းဝန်း ကျင်လောက်ကျနိုင်ပါမယ်။
 
Lighting
နောက်တစ်ခုကတော့ Lighting ပါ။ Lighting ကတော့ Starter တွေအတွက် LED panel လေးတွေက Ideal အဖြစ်ဆုံးပါပဲ။ အခြေခံလောက်တော့ ဒီ LED panel တွေနဲ့ အလုပ်ဖြစ် ပါတယ်။ Yongnuo တို့ Nanguang တို့ စတဲ့ Brand လေးတွေဆို LED အနေနဲ့မဆိုးပါဘူး။ YN 600, YN 900 စသဖြင့် ရှိပါတယ်။ Lighting ကိုတော့ 3ခုလောက် အနည်းဆုံးဝယ်ထား သင့်ပါတယ်။ နောက်ပြီး သူတို့အတွက် Stand တွေအပြင် Boom ထိုးနိုင်ဖို့ Photography Boom Stand လောက်တော့ ၀ယ်ထားသင့်ပါတယ်။ Video C Stand ကတော့ 2 သိန်းကျော်ပါတယ်။ Photography Boom Stand က 1 သိန်းမပြည့်ပါ။ နောက်ပြီး LED လောက်ကောင်းကောင်းနိုင်ပါတယ်။ 5 in 1 Reflector လဲ Lighting Kit ထဲမှာ ပါထားသင့်ပါတယ်။ ဒါကတော့ လုပ်တဲ့ Production Types ပေါ်မူတည်ပြီး ကွာသွားပါတယ်။ High End Production တွေအတွက် ကတော့ ငှားရိုက်တာပဲများပါတယ်။ Small & Medium Production type တွေကို ကိုယ့်ဘာသာ ရိုက်ချင်ရင်တော့ Lighting Kit လေးတစ်ခုတော့ ရှိထားသင့်ပါတယ်။
 
နောက်တစ်ခုကတော့ မရှိမဖြစ်ထဲမပါပေမယ့် ရှိထားတာကောင်းတဲ့ Equipment ကတော့ ဈေးလဲသိပ်မနည်းတဲ့ကောင် ပါ။ Gimbal ပဲ ဖြစ်ပါတယ်။
 
Gimbal ကတော့ Zhiyun တွေရော Ronin တွေရော Feiyu စသဖြင့် အများကြီးရှိတဲ့အ တွက် သေချာတစ်ခုချင်းရေးပြလို့တော့ အဆင်မပြေပါဘူး။ ဒီ Gimbal တွေကတော့ အခုအချိန်မှာ Wedding ကနေ Mini Commercial ထိ လိုအပ်မယ့်အရာဖြစ်ပါတယ်။ Client တွေကလဲ ဒီလို Shot တွေ အရမ်းရင်းနှီးနေပြီဖြစ်လို့ ဝယ်ထားသင့်ပါတယ်။ သူ့ရဲ့ Function တွေကတော့ အမျိုးအစားအလိုက် ကွဲပြားလေ့ရှိပြီး အပို Accessories ရတာ Follow Focus ရတာ စသဖြင့် ကွဲပြားလို့ဝယ်မယ်ဆိုရင်တော့ သေချာလေ့လာပြီးမှ ဝယ်သင့်ပါတယ်။
 
NetGuide
Read 52 times
Rate this item
(1 Vote)