ဂူဂဲလ္နဲ႔ပတ္သက္ၿပီး သင္မသိေသးတဲ့အခ်က္မ်ား

ဂူဂဲလ္နဲ႔ပတ္သက္ၿပီး သင္မသိေသးတဲ့အခ်က္မ်ား google.com
ဂူဂဲလ္ဟာ ကမာၻေပၚမွာ လူအသုံးအမ်ားဆုံး အင္တာနက္ရွာေဖြေရးအင္ဂ်င္တစ္ခု ျဖစ္ပါတယ္။
 
အခုေတာ့ ဂူဂဲလ္ဟာရွာေဖြေရးအင္ဂ်င္သက္သက္ မဟုတ္ေတာ့ပါဘူး၊ ေၾကာ္ျငာေတြတင္တဲ့ေနရာ၊ စီးပြားေရးလုပ္ငန္းႀကီးတစ္ခုနဲ႔ လူေတြရဲ႕ပုဂၢလိက ကိုယ္ေရးအခ်က္အလက္ေတြကို မျပတ္တန္းေကာက္ယူသိုမွီးေနတဲ့ ေနရာႀကီးတစ္ခုျဖစ္လို႔လာေနပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ Google နဲ႔ပတ္သက္ၿပီးလူသိနည္းတဲ့အခ်က္ေတြကုိ ေဖာ္ျပေပးမွာပဲျဖစ္ပါတယ္။
 
၁။ အမည္
ဂူဂဲလ္ဆိုတာ ဘာလဲ၊ ဘာကိုဆိုလိုတာလဲလို႔ ေမးခ်င္ပါလိမ့္မယ္။ တကယ္ေတာ့ ဂူဂဲလ္ဆိုတဲ့အမည္က ဘာမွေတာ့အဓိပၸာယ္ဖြင့္ဆိုခ်က္ မရွိပါဘူး။ Google ဂူဂဲလ္လို႔ ျဖစ္လာတဲ့ အဂၤလိပ္စကားလုံးက တကယ္ေတာ့ google ဆိုတဲ့ သခ်ၤာစကားလုံးကို လြဲၿပီးေပါင္းမိရာက ျဖစ္လာတာပါ။ Google ဆိုတာက တစ္ေနာက္က သုညအလုံးတစ္ရာလိုက္တယ္ဆိုတဲ့ သခ်ၤာအေခၚအေဝၚပါ။ အဲဒီလို ဘယ္သူကလြဲၿပီး စာလုံးေပါင္းခဲ့တာလဲ၊ အင္ဂ်င္နီယာတစ္ေယာက္ေယာက္လား၊ ေက်ာင္းသား တစ္ဦးဦးလားဆိုတာလည္း မဆုံးႏိုင္တဲ့ ဇာတ္လမ္းေတြရွိခဲ့ပါတယ္။ဘယ္သူကပဲ လုပ္ခဲ့ခဲ့၊ အခုေတာ့ ဂူဂဲလ္ဆိုတဲ့ စာလုံးကတြင္က်ယ္ၿပီး အဘိဓာန္ထဲေတာင္ဝင္သြားခဲ့ပါၿပီ။ မယုံရင္အဘိဓာန္ဆိုၿပီး ဂူဂဲလ္လုပ္ၾကည့္လိုက္ပါေလ။
 
၂။ ေက်ာပြတ္ေပးသူ
ထင္သလို မဟုတ္ပါဘူး။ အမွန္ကေတာ့ဂူဂဲလ္ကို စထြင္ခဲ့သူ လယ္ရီပိတ္ခ်္နဲ႔ ဆာေဂဘရင္ တို႔က သူတို႔ရဲ႕ ရွာေဖြေရး အင္ဂ်င္ကို အဂၤလိပ္လို Backrub လို႔ မူလက အမည္ေပးခဲ့ပါတယ္။ တိုက္႐ိုက္အဓိပၸာယ္ဆိုရင္ေတာ့ ေက်ာကုန္းကို ပြတ္ေပးတဲ့အရာလို႔ ျပန္ဆိုႏိုင္မွာပါ။ တကယ္တမ္း အဲဒါက ႏွိပ္နယ္ပြတ္သပ္ေပးတဲ့ ဆိုလိုရင္းမဟုတ္ပါဘူး။ ကြန္ပ်ဴတာ သခ်ၤာနည္းအရ ဝက္စာမ်က္ႏွာတစ္ခုရဲ႕ ေနာက္ကြယ္ကလင့္ေတြအေပၚတြက္ခ်က္ၿပီး စာမ်က္ႏွာေတြရဲ႕အေရးပါမႈ အဆင့္အတန္းသတ္မွတ္ေပးတဲ့ စနစ္ကို ေခၚတဲ့ေခၚတာပါ။
 
၃။ ခပ္ဆန္းဆန္းေလးေတြလည္း ေပးတတ္သူ
စိတ္မပူပါနဲ႔။ ကိုယ့္မ်က္လုံးေတြ ေစာင္းေနတာမဟုတ္ပါဘူး။ ဂူဂဲလ္မွာေတာ့ စီးပြားေရးဆန္ဆန္ လုပ္ေနတာေတြခ်ည္း ရွိတာမဟုတ္ပါဘူး။ ေဆာ့ကစားတတ္တဲ့ သေဘာသဘာဝေလးေတြ၊ ေနာက္ေတာက္ေတာက္ အျပဳအမူေလးေတြလည္း ေတြ႕ရပါမယ္။ ဒီေတာ့ "askew" ဆိုတဲ့ စကားလုံး ကို ဂူဂဲလ္မွာ ရွာၾကည့္လိုက္ပါ။ ဘာေတြ႕ရသလဲ ကိုယ့္ဟာကိုယ္ သိလာပါမယ္။ ဒီစကားလုံးရဲ႕ အဓိပၸာယ္က တေျပးညီမဟုတ္ေသာ၊ ေစာင္းေသာလို႔ဆိုတဲ့အတြက္ ဂူဂဲလ္ကရွာေပးတဲ့ အေျဖမွာလည္း ခပ္ေစာင္းေစာင္းေလး ျပထားတာေတြ႕ရမွာ ျဖစ္ပါတယ္။
 
၄။ ဆိတ္မ်ား
ဂူဂဲလ္ဘက္ျခမ္းမွာေတာ့ ျမက္ေတြက ပိုစိမ္းစိုဂူဂဲလ္က စိမ္းလန္းစိုေျပဖို႔ကို အားေပးတယ္လို႔ ဆိုပါတယ္။ ျမက္ရိတ္စက္ကို ဆိတ္နဲ႔လဲမယ္လို႔ ဆိုပါတယ္။ ကယ္လီဖိုးနီးယားက ဂူဂဲလ္ဌာနခ်ဳပ္က က်ယ္ျပန္႔လွတဲ့ျမက္ခင္းေတြကို ပုံမွန္ဂ႐ုစိုက္ထိန္းသိမ္းဖို႔ လိုတယ္။ အဲဒီလိုလုပ္ႏိုင္ဖို႔ အေကာင္ (၂၀၀) ေလာက္ပါတဲ့ ဆိတ္အုပ္စုဟာ မၾကာခဏဆိုသလို ဂူဂဲလ္ျခံ၀င္းထဲမွာ ျမက္ေတြစားေနတာကို ေတြ႕ရႏိုင္ပါတယ္။
 
၅။ ႀကီးထြားလာေနတဲ့ လုပ္ငန္း
ဆိုရွယ္မီဒီယာကို ဘယ္သူပိုင္လဲသိပါသလား။ ဂ်ီေမးလ္၊ ဂူဂဲလ္ ေျမပုံ၊ ဂူဂဲလ္ ဒ႐ိုက္၊ ဂူဂဲလ္ ခ႐ုန္း စတာေတြကို ထပ္ေလာင္းဖန္တီးေပးခဲ့တာေၾကာင့္ ဂူဂဲလ္ဟာ ၂၀၁၀ ေနာက္ပိုင္း အပတ္စဥ္ ကုမၸဏီတစ္ခုကို ဝယ္ယူေနပါတယ္။ ဒါကို လူေတြသတိထားမိခ်င္မွ ထားမိမွာပါ။ ဒါေပမယ့္ Android၊ Youtube၊ Waze နဲ႔ AdSense တို႔ကို ဂူဂဲလ္ကပဲပိုင္ဆိုင္တာ ျဖစ္ၿပီး၊ အဲလိုမ်ိဳး တျခား (၇၀) ေလာက္ရွိပါေသးတယ္။
 
 
၆။ အထိမ္းအမွတ္ ဒီဇိုင္း
ဂူဂဲလ္လိုဂိုအတြက္ ေက်ာင္းသားေတြကို ၿပိဳင္ပြဲက်င္းပေပးပါတယ္။ ဂူဂဲလ္ဟာ ကမာၻေပၚက အထိမ္းအမွတ္ေန႔ေတြ၊ အခမ္းအနားေန႔ေတြ သမိုင္းဆိုင္ရာေန႔ေတြအတြက္ လိုဂိုမွာ႐ုပ္ပုံေလးေတြ ပုံေဖာ္ေပးပါတယ္။ ပထမဆုံးပုံေဖာ္ထားတဲ့ ဒီဇိုင္းကေတာ့ ၁၉၉၈ ခုႏွစ္ ၾသဂုတ္ လ ၃၀ ရက္ကပါ။ Burning Man အထိမ္းအမွတ္အတြက္ ဂူဂဲလ္အဂၤလိပ္ စာလုံးဒုတိယအိုစာလုံးေနာက္မွာ အမ်ိဳးသားပုံေလးစတင္ ထည့္ေပးတာျဖစ္ပါတယ္။ အဲဒီ ေနာက္ပိုင္းမွာေတာ့ အေရးပါတဲ့ေန႔ေတြအတြက္ အခုလိုလိုဂိုေျပာင္းတာဟာ ဂူဂဲလ္ရဲ႕အထိမ္းအမွတ္တစ္ခုလို ျဖစ္လာခဲ့ပါတယ္။
 
၇။ တခ်ိဳ႕အတြက္ အခြင့္အေရး
၁၉၉၉ ခုႏွစ္တုန္းကဂူဂဲလ္ကို ေဒၚလာတစ္သန္းနဲ႔ ျပန္ေရာင္းဖို႔ လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီေစ်းကိုထပ္ၿပီး ေလွ်ာ့ေပမယ့္ဝယ္မယ့္သူ မရွိခဲ့ပါ။ အခုေတာ့ ဂူဂဲလ္တန္ဖိုးဟာေဒၚလာ သန္း သုံးေထာင္ ရွိေနပါၿပီ။
 
၈။ ေဆာင္ပုဒ္
မမိုက္မဲပါနဲ႔ဆိုတာဟာ ဂူဂဲလ္ရဲ႕ မူလပထမကတည္းက ေဆာင္ပုဒ္တစ္ခုျဖစ္ပါတယ္။
 
၉။ အစားအေသာက္က အလွ်ံအပယ္
ဂူဂဲလ္ကို တြဲဖက္တည္ေထာင္သူ တစ္ဦးျဖစ္တဲ့ Sergey Brin က ဂူဂဲလ္႐ုံးေတြဟာ အစားအေသာက္နဲ႔ မီတာ (၆၀) အတြင္းရွိသင့္တယ္လို႔ ဟိုးကနဦးတုန္းက ဆုံးျဖတ္ခဲ့ပါတယ္။ အေစာပိုင္း အခ်ိန္ေတြတုန္းက ဂူဂဲလ္ရဲ႕ အေကာင္းဆုံးမုန္႔ကေတာ့ ဆြီဒင္ငါးဆိုတဲ့ ငါးပုံသၾကားလုံးေလးေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေခတ္မွာေတာ့ ဂူဂဲလ္ဝန္ထမ္းေတြဟာ အစားအေသာက္ ေကာင္းေကာင္းအမ်ိဳးစုံစြာနဲ႔ အေကာင္းစားေကာ္ဖီတို႔ကို ႐ုံးမွာရႏိုင္ေနပါျပီ။
 
၁၀။ ဂူဂဲလ္ရဲ႕ အေကာင္းဆုံး မိတ္ေဆြ
ေခြးယူလာရင္ ကိုယ့္႐ုံးခန္းမွာပဲ ထားရမယ္။ ဂူဂဲလ္ သုံးသူေတြ၊ ဂူဂဲလ္မွာ အလုပ္လုပ္သူေတြအေနနဲ႔ ဂူဂဲလ္အလုပ္ေနရာကိုလာရင္ ေခြးေတြကိုယူလာခြင့္ ျပဳထားပါတယ္။ ဒါေပမယ့္ အေသအခ်ာ သင္ၾကားေပးထားတာမ်ိဳး ျဖစ္ရပါမယ္။ ႐ုံးမွာညစ္ပတ္ေပက်ံတာမ်ိဳး မျဖစ္ေစရပါ။
 
Unicode Version 
 

ဂူဂဲလ်ဟာ ကမ္ဘာပေါ်မှာ လူအသုံးအများဆုံး အင်တာနက်ရှာဖွေရေးအင်ဂျင်တစ်ခု ဖြစ်ပါတယ်။

အခုတော့ ဂူဂဲလ်ဟာရှာဖွေရေးအင်ဂျင်သက်သက် မဟုတ်တော့ပါဘူး၊ ကြော်ငြာတွေတင်တဲ့နေရာ၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခုနဲ့ လူတွေရဲ့ပုဂ္ဂလိက ကိုယ်ရေးအချက်အလက်တွေကို မပြတ်တန်းကောက်ယူသိုမှီးနေတဲ့ နေရာကြီးတစ်ခုဖြစ်လို့လာနေပါတယ်။ အခုဖော်ပြပေးမှာကတော့ Google နဲ့ပတ်သက်ပြီးလူသိနည်းတဲ့အချက်တွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

၁။ အမည်
ဂူဂဲလ်ဆိုတာ ဘာလဲ၊ ဘာကိုဆိုလိုတာလဲလို့ မေးချင်ပါလိမ့်မယ်။ တကယ်တော့ ဂူဂဲလ်ဆိုတဲ့အမည်က ဘာမှတော့အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ Google ဂူဂဲလ်လို့ ဖြစ်လာတဲ့ အင်္ဂလိပ်စကားလုံးက တကယ်တော့ google ဆိုတဲ့ သင်္ချာစကားလုံးကို လွဲပြီးပေါင်းမိရာက ဖြစ်လာတာပါ။ Google ဆိုတာက တစ်နောက်က သုညအလုံးတစ်ရာလိုက်တယ်ဆိုတဲ့ သင်္ချာအခေါ်အဝေါ်ပါ။ အဲဒီလို ဘယ်သူကလွဲပြီး စာလုံးပေါင်းခဲ့တာလဲ၊ အင်ဂျင်နီယာတစ်ယောက်ယောက်လား၊ ကျောင်းသား တစ်ဦးဦးလားဆိုတာလည်း မဆုံးနိုင်တဲ့ ဇာတ်လမ်းတွေရှိခဲ့ပါတယ်။ဘယ်သူကပဲ လုပ်ခဲ့ခဲ့၊ အခုတော့ ဂူဂဲလ်ဆိုတဲ့ စာလုံးကတွင်ကျယ်ပြီး အဘိဓာန်ထဲတောင်ဝင်သွားခဲ့ပါပြီ။ မယုံရင်အဘိဓာန်ဆိုပြီး ဂူဂဲလ်လုပ်ကြည့်လိုက်ပါလေ။

၂။ ကျောပွတ်ပေးသူ
ထင်သလို မဟုတ်ပါဘူး။ အမှန်ကတော့ဂူဂဲလ်ကို စထွင်ခဲ့သူ လယ်ရီပိတ်ချ်နဲ့ ဆာဂေဘရင် တို့က သူတို့ရဲ့ ရှာဖွေရေး အင်ဂျင်ကို အင်္ဂလိပ်လို Backrub လို့ မူလက အမည်ပေးခဲ့ပါတယ်။ တိုက်ရိုက်အဓိပ္ပာယ်ဆိုရင်တော့ ကျောကုန်းကို ပွတ်ပေးတဲ့အရာလို့ ပြန်ဆိုနိုင်မှာပါ။ တကယ်တမ်း အဲဒါက နှိပ်နယ်ပွတ်သပ်ပေးတဲ့ ဆိုလိုရင်းမဟုတ်ပါဘူး။ ကွန်ပျူတာ သင်္ချာနည်းအရ ဝက်စာမျက်နှာတစ်ခုရဲ့ နောက်ကွယ်ကလင့်တွေအပေါ်တွက်ချက်ပြီး စာမျက်နှာတွေရဲ့အရေးပါမှု အဆင့်အတန်းသတ်မှတ်ပေးတဲ့ စနစ်ကို ခေါ်တဲ့ခေါ်တာပါ။

၃။ ခပ်ဆန်းဆန်းလေးတွေလည်း ပေးတတ်သူ
စိတ်မပူပါနဲ့။ ကိုယ့်မျက်လုံးတွေ စောင်းနေတာမဟုတ်ပါဘူး။ ဂူဂဲလ်မှာတော့ စီးပွားရေးဆန်ဆန် လုပ်နေတာတွေချည်း ရှိတာမဟုတ်ပါဘူး။ ဆော့ကစားတတ်တဲ့ သဘောသဘာဝလေးတွေ၊ နောက်တောက်တောက် အပြုအမူလေးတွေလည်း တွေ့ရပါမယ်။ ဒီတော့ "askew" ဆိုတဲ့ စကားလုံး ကို ဂူဂဲလ်မှာ ရှာကြည့်လိုက်ပါ။ ဘာတွေ့ရသလဲ ကိုယ့်ဟာကိုယ် သိလာပါမယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်က တပြေးညီမဟုတ်သော၊ စောင်းသောလို့ဆိုတဲ့အတွက် ဂူဂဲလ်ကရှာပေးတဲ့ အဖြေမှာလည်း ခပ်စောင်းစောင်းလေး ပြထားတာတွေ့ရမှာ ဖြစ်ပါတယ်။

၄။ ဆိတ်များ
ဂူဂဲလ်ဘက်ခြမ်းမှာတော့ မြက်တွေက ပိုစိမ်းစိုဂူဂဲလ်က စိမ်းလန်းစိုပြေဖို့ကို အားပေးတယ်လို့ ဆိုပါတယ်။ မြက်ရိတ်စက်ကို ဆိတ်နဲ့လဲမယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားက ဂူဂဲလ်ဌာနချုပ်က ကျယ်ပြန့်လှတဲ့မြက်ခင်းတွေကို ပုံမှန်ဂရုစိုက်ထိန်းသိမ်းဖို့ လိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ အကောင် (၂၀၀) လောက်ပါတဲ့ ဆိတ်အုပ်စုဟာ မကြာခဏဆိုသလို ဂူဂဲလ်ခြံဝင်းထဲမှာ မြက်တွေစားနေတာကို တွေ့ရနိုင်ပါတယ်။

၅။ ကြီးထွားလာနေတဲ့ လုပ်ငန်း
ဆိုရှယ်မီဒီယာကို ဘယ်သူပိုင်လဲသိပါသလား။ ဂျီမေးလ်၊ ဂူဂဲလ် မြေပုံ၊ ဂူဂဲလ် ဒရိုက်၊ ဂူဂဲလ် ခရုန်း စတာတွေကို ထပ်လောင်းဖန်တီးပေးခဲ့တာကြောင့် ဂူဂဲလ်ဟာ ၂၀၁၀ နောက်ပိုင်း အပတ်စဉ် ကုမ္ပဏီတစ်ခုကို ဝယ်ယူနေပါတယ်။ ဒါကို လူတွေသတိထားမိချင်မှ ထားမိမှာပါ။ ဒါပေမယ့် Android၊ Youtube၊ Waze နဲ့ AdSense တို့ကို ဂူဂဲလ်ကပဲပိုင်ဆိုင်တာ ဖြစ်ပြီး၊ အဲလိုမျိုး တခြား (၇၀) လောက်ရှိပါသေးတယ်။

၆။ အထိမ်းအမှတ် ဒီဇိုင်း
ဂူဂဲလ်လိုဂိုအတွက် ကျောင်းသားတွေကို ပြိုင်ပွဲကျင်းပပေးပါတယ်။ ဂူဂဲလ်ဟာ ကမ္ဘာပေါ်က အထိမ်းအမှတ်နေ့တွေ၊ အခမ်းအနားနေ့တွေ သမိုင်းဆိုင်ရာနေ့တွေအတွက် လိုဂိုမှာရုပ်ပုံလေးတွေ ပုံဖော်ပေးပါတယ်။ ပထမဆုံးပုံဖော်ထားတဲ့ ဒီဇိုင်းကတော့ ၁၉၉၈ ခုနှစ် သြဂုတ် လ ၃၀ ရက်ကပါ။ Burning Man အထိမ်းအမှတ်အတွက် ဂူဂဲလ်အင်္ဂလိပ် စာလုံးဒုတိယအိုစာလုံးနောက်မှာ အမျိုးသားပုံလေးစတင် ထည့်ပေးတာဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ အရေးပါတဲ့နေ့တွေအတွက် အခုလိုလိုဂိုပြောင်းတာဟာ ဂူဂဲလ်ရဲ့အထိမ်းအမှတ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

၇။ တချို့အတွက် အခွင့်အရေး
၁၉၉၉ ခုနှစ်တုန်းကဂူဂဲလ်ကို ဒေါ်လာတစ်သန်းနဲ့ ပြန်ရောင်းဖို့ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီဈေးကိုထပ်ပြီး လျှော့ပေမယ့်ဝယ်မယ့်သူ မရှိခဲ့ပါ။ အခုတော့ ဂူဂဲလ်တန်ဖိုးဟာဒေါ်လာ သန်း သုံးထောင် ရှိနေပါပြီ။

၈။ ဆောင်ပုဒ်
မမိုက်မဲပါနဲ့ဆိုတာဟာ ဂူဂဲလ်ရဲ့ မူလပထမကတည်းက ဆောင်ပုဒ်တစ်ခုဖြစ်ပါတယ်။

၉။ အစားအသောက်က အလျှံအပယ်
ဂူဂဲလ်ကို တွဲဖက်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Sergey Brin က ဂူဂဲလ်ရုံးတွေဟာ အစားအသောက်နဲ့ မီတာ (၆၀) အတွင်းရှိသင့်တယ်လို့ ဟိုးကနဦးတုန်းက ဆုံးဖြတ်ခဲ့ပါတယ်။ အစောပိုင်း အချိန်တွေတုန်းက ဂူဂဲလ်ရဲ့ အကောင်းဆုံးမုန့်ကတော့ ဆွီဒင်ငါးဆိုတဲ့ ငါးပုံသကြားလုံးလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ ဂူဂဲလ်ဝန်ထမ်းတွေဟာ အစားအသောက် ကောင်းကောင်းအမျိုးစုံစွာနဲ့ အကောင်းစားကော်ဖီတို့ကို ရုံးမှာရနိုင်နေပါပြီ။

၁၀။ ဂူဂဲလ်ရဲ့ အကောင်းဆုံး မိတ်ဆွေ
ခွေးယူလာရင် ကိုယ့်ရုံးခန်းမှာပဲ ထားရမယ်။ ဂူဂဲလ် သုံးသူတွေ၊ ဂူဂဲလ်မှာ အလုပ်လုပ်သူတွေအနေနဲ့ ဂူဂဲလ်အလုပ်နေရာကိုလာရင် ခွေးတွေကိုယူလာခွင့် ပြုထားပါတယ်။ ဒါပေမယ့် အသေအချာ သင်ကြားပေးထားတာမျိုး ဖြစ်ရပါမယ်။ ရုံးမှာညစ်ပတ်ပေကျံတာမျိုး မဖြစ်စေရပါ။

 
Credit; BBC
Read times
Rate this item
(2 votes)