Facebook ပေါ်မှ သတင်းအမှားများဖြန့်ဝေနေခြင်းကိစ္စ

Facebook ပေါ်မှ သတင်းအမှားများဖြန့်ဝေနေခြင်းကိစ္စ google.com
ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပြီးနောက်ပိုင်း သတင်းအချက်အလက် စီးဆင်းမှုနဲ့ပြန့်နှံခြင်းဟာလည်း တားမရ၊ ဆီးမရ အလွန်ကိုလျင်မြန်လာပါတယ်။ 
 
Social Media Platform တွေကို အသုံးပြုပြီး သတင်းအတုအယောင်များ ဖြန့်ချိခြင်းနဲ့လည်း လူအများကို ထင်ယောင်ထင်မှား ဖြစ်စေမှုတွေ ပိုမိုမြင့်တတ်လာခြင်းဟာ ဆက်သွယ်ရေး လျင်မြန်ကောင်းမွန်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများပဲဖြစ်ပါတယ်။ 
 
လျင်မြန်တဲ့ သတင်းအချက်အလက်မျှဝေမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ Facebook Social Media Platform ကိုအသုံးပြုပြီး သတင်းအမှားများကို ဖြန့်ချိနေတဲ့အတွက် Facebook အသုံးပြုသူများက သတင်းအမှားများကို မယုံကြည်ပဲ ချင့်ချိန်ကာ သတင်းအချက်အလက်များကိုဖတ်ရှု လေ့လာသင့်ပါတယ်။ အဲ့ဒီလို သတင်းအမှားတွေကို Facebook Company ဘက်မှလည်း အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်ဖယ်ရှားလျက်ရှိပါတယ်။ 
 
လတ်တလောဖြစ်ပွားခဲ့တဲ့ မြန်မာပြည်သူများအပေါ် သတင်းအမှားများ ဖြန့်ဝေနေတဲ့ကိစ္စမှာ Facebook Accounts (၁၃) ခု၊ Pages စာမျက်နှာပေါင်း (၁၀) ခု ပါဝင်ပြီး Followers အရေအတွက်မှာလည်း (၂၆၅၆၀၀) ရှိကာ ထိုသတင်းအမှားတွေကို ပိုမိုပြန့်နှံစေရန် အသုံးပြုခဲ့တဲ့ ကြော်ငြာ်ငွေ စုစုပေါင်းမှာ ဒေါ်လာ ၁.၂ သန်း နီးပါးရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှတော့ ထိုသတင်းအမှားတွေကို ဖြန့်ချိနေတဲ့ Account နဲ့ Page များကို Facebook မှ ဖယ်ရှားလိုက်ပြီပဲ ဖြစ်ပါတယ်။ 
 
ဒီလို သတင်းအမှားတွေဖြန့်ချိနေတဲ့ အကောင့်တွေကို ဖယ်ရှားရာမှာ မြန်မာတစ်နိုင်ငံတစ်ခုထဲ သာမက ရုရှား၊ အီရန်၊ ဗီယမ်နမ် တို့မှ သူတို့နိုင်ငံအတွင်း ထင်ယောင်ထင်မှားဖြစ်စေနိုင်မယ့် သတင်းအမှားဖြန့်ချိနေတဲ့ အကောင့်များကိုပါ တပါတည်း ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံ (၄) နိုင်ငံမှ ဖယ်ရှားခဲ့တဲ့ အကောင့်စုစုပေါင်းမှာ Facebook Accounts (၇၈) ခု၊ Facebook Pages (၁၁) ခု၊ Facebook Groups (၂၉) ခု အပြင် Instagram Accounts (၄) ခုလည်းပါဝင်ပါတယ်။ 
 
သတင်းအချက်အလက်တွေ လျင်မြန်စွာ စီးဆင်းနေတဲ့ခေတ်ထဲမှာ Social Media Platform များပေါ်မှ အတုအယောင်သတင်းများကို ချင့်ချိန်ယုံပြီး ဒီဂျစ်တယ်ခေတ်သစ်ကို စီးမျောလိုက်ပါနိုင်ပါစေလို့ အကြံပြုရင်း....
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
Facebook ေပၚမွ သတင္းအမွားမ်ားျဖန္႔ေဝေနျခင္းကိစၥ
 
ကမ႓ာၾကီးက ရြာၾကီးတစ္ရြာျဖစ္လာျပီးေနာက္ပိုင္း သတင္းအခ်က္အလက္ စီးဆင္းမႈနဲ႔ျပန္႕ႏွံျခင္းဟာလည္း တားမရ၊ ဆီးမရ အလြန္ကိုလ်င္ျမန္လာပါတယ္။ 
 
Social Media Platform ေတြကို အသံုးျပဳျပီး သတင္းအတုအေယာင္မ်ား ျဖန္႔ခ်ိျခင္းနဲ႔လည္း လူအမ်ားကို ထင္ေယာင္ထင္မွား ျဖစ္ေစမႈေတြ ပိုမိုျမင့္တတ္လာျခင္းဟာ ဆက္သြယ္ေရး လ်င္ျမန္ေကာင္းမြန္မႈရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားပဲျဖစ္ပါတယ္။ 
 
လ်င္ျမန္တဲ့ သတင္းအခ်က္အလက္မွ်ေဝမႈရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္တဲ့ Facebook Social Media Platform ကိုအသံုးျပဳျပီး သတင္းအမွားမ်ားကို ျဖန္႔ခ်ိေနတဲ့အတြက္ Facebook အသံုးျပဳသူမ်ားက သတင္းအမွားမ်ားကို မယံုၾကည္ပဲ ခ်င့္ခ်ိန္ကာ သတင္းအခ်က္အလက္မ်ားကိုဖတ္ရႈ ေလ့လာသင့္ပါတယ္။ အဲ့ဒီလို သတင္းအမွားေတြကို Facebook Company ဘက္မွလည္း အခ်ိန္နဲ႕ တစ္ေျပးညီ ေစာင့္ၾကည့္ဖယ္ရွားလ်က္ရွိပါတယ္။ 
 
လတ္တေလာျဖစ္ပြားခဲ့တဲ့ ျမန္မာျပည္သူမ်ားအေပၚ သတင္းအမွားမ်ား ျဖန္႕ေဝေနတဲ့ကိစၥမွာ Facebook Accounts (၁၃) ခု၊ Pages စာမ်က္ႏွာေပါင္း (၁၀) ခု ပါဝင္ျပီး Followers အေရအတြက္မွာလည္း (၂၆၅၆၀၀) ရွိကာ ထိုသတင္းအမွားေတြကို ပိုမိုျပန္႕ႏွံေစရန္ အသံုးျပဳခဲ့တဲ့ ေၾကာ္ျငာ္ေငြ စုစုေပါင္းမွာ ေဒၚလာ ၁.၂ သန္း နီးပါးရွိတယ္လို႔ ဆိုပါတယ္။ အခုခ်ိန္မွေတာ့ ထိုသတင္းအမွားေတြကို ျဖန္႔ခ်ိေနတဲ့ Account နဲ႕ Page မ်ားကို Facebook မွ ဖယ္ရွားလိုက္ျပီပဲ ျဖစ္ပါတယ္။ 
 
ဒီလို သတင္းအမွားေတြျဖန္႕ခ်ိေနတဲ့ အေကာင့္ေတြကို ဖယ္ရွားရာမွာ ျမန္မာတစ္ႏိုင္ငံတစ္ခုထဲ သာမက ရုရွား၊ အီရန္၊ ဗီယမ္နမ္ တို႔မွ သူတို႔ႏိုင္ငံအတြင္း ထင္ေယာင္ထင္မွားျဖစ္ေစႏိုင္မယ့္ သတင္းအမွားျဖန္႕ခ်ိေနတဲ့ အေကာင့္မ်ားကိုပါ တပါတည္း ဖယ္ရွားလိုက္တာပဲ ျဖစ္ပါတယ္။ ဒီႏိုင္ငံ (၄) ႏိုင္ငံမွ ဖယ္ရွားခဲ့တဲ့ အေကာင့္စုစုေပါင္းမွာ Facebook Accounts (၇၈) ခု၊ Facebook Pages (၁၁) ခု၊ Facebook Groups (၂၉) ခု အျပင္ Instagram Accounts (၄) ခုလည္းပါဝင္ပါတယ္။ 
 
သတင္းအခ်က္အလက္ေတြ လ်င္ျမန္စြာ စီးဆင္းေနတဲ့ေခတ္ထဲမွာ Social Media Platform မ်ားေပၚမွ အတုအေယာင္သတင္းမ်ားကို ခ်င့္ခ်ိန္ယံုျပီး ဒီဂ်စ္တယ္ေခတ္သစ္ကို စီးေမ်ာလိုက္ပါႏိုင္ပါေစလို႔ အၾကံျပဳရင္း....
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Author ; Pk
Read times
Rate this item
(0 votes)